(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိ ခဲ့သည့် ပြိုင်ပွဲဝင်အားကစားသမားများကို ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ပွဲကျင်းပ

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သော မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဩဂုတ်လ ၂၀ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာ နိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများ၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင်-

  • အားကစားအောင်မြင်မှုသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်တွင် ထည်ဝါခန့်ညားစေပြီး အားကစားပြိုင်ပွဲများကိုလည်း လက်နက်မပါသော တိုက်ပွဲများဟုပင် တင်စားလာနေကြပြီဖြစ်ကြောင်း။
  • အားကစားသည် ပြောင်းလဲလာသောအခြေအနေအရပ်ရပ်နှင့်အညီ အရှိန်အဝါနှင့် အနေအထားအရပါ မြင့်မားလာသည်ဖြစ်သဖြင့် ကျန်းမာရေးသက်သက်၊ အားကစားသက်သက် အဆင့်တွင်သာ ရပ်တန့်မနေဘဲ နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင်ပေးသည့် အမျိုးသားရေးတာဝန်တစ်ရပ် လည်း ဖြစ်လာခဲ့ပြီဖြစ်ကြောင်း။
  • ယနေ့ကမ္ဘာပေါ်တွင် မသန်စွမ်းဖြစ်မှု ရာခိုင်နှုန်းသည် ကမ္ဘာ့လူဦးရေ၏ ၁၅  ရာခိုင် နှုန်းခန့်အထိ မြင့်တက်လာသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်သည့် စာရင်းများအရသိရှိရကြောင်း။
  • လူဦးရေသန်းပေါင်း ၁,၀၀၀ ကျော်ခန့် ပမာဏရှိသော မသန်စွမ်းသူအရေအတွက် သည်လည်း အထူးဂရုပြုရမည့် ပမာဏဖြစ်လာသည့်အတွက် မသန်စွမ်းသူများ၏ အရေးကို ပိုမိုအလေးထားရန် လိုအပ်လာကြောင်း။
  • မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကွင်းဆင်းဆောင်ရွက်ခဲ့သော မသန်စွမ်းမှုလေးမျိုး အခြေခံစစ်တမ်းအရ နိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သော ၂ ဒသမ ၃ သန်းခန့်သည် မသန်စွမ်းသူများဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း။
  • နိုင်ငံတော်အစိုးရနှင့်အတူ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများအနေဖြင့်လည်း မြန်မာနိုင်ငံမှ မသန်စွမ်းသူများ၏ဘဝ စိုပြည်လှပအောင် ပြန်လည်ထူထောင်ရေး၊ လူ့ဂုဏ်သိက္ခာ မြင့်မားရေးနှင့် သန်စွမ်းသူများနည်းတူ တန်းတူညီမျှ အခွင့်အရေးများ ရရှိရေးကိုရှေးရှုသည့် အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် ၂၀၀၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အာဆီယံဒေသတွင်းရှိ နိုင်ငံများ၌ ကျင်းပခဲ့သည့် ပထမအကြိမ်မှ နဝမအကြိမ်အထိ အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုအပါအဝင် ဆုများစွာနှင့် နိုင်ငံအလိုက်ရပ်တည်မှုအဆင့် ၃ မှ ၆ အထိ ရရှိခဲ့ပြီး အောင်မြင်မှုများရရှိခဲ့သည်ကို တွေ့ရှိရကြောင်း။
  • (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၇ နည်း၊ အားကစားသမား ၆၉ ဦး၊ ဖိတ်ကြားခံ၊ အုပ်ချုပ်သူ/နည်းပြ ၄၀ ဦး၊ ဒိုင်လူကြီး ၄ ဦး အပါအဝင် စုစုပေါင်း ၁၁၃ ဦးဖြင့် ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခု၊ စုစု ပေါင်းဆုတံဆိပ် ၄၃ ခုရရှိပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၆ နေရာရရှိခဲ့ကြောင်း။
  • နိုင်ငံတော်အတွက် ဆုတံဆိပ်များရယူပေးနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာရောက်သည့်အပြင် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်နိုင်မှုဆုတံဆိပ်များဆွတ်ခူးရရှိပြီး နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပြီး နိုင်ငံတော် သီချင်းသံလွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့ ကြသူများအား ယခုလိုထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရခြင်းပင်ဖြစ်ကြောင်း။
  • နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန် ပြင်းပြင်းထန်ထန်ကြိုးစားလေ့ကျင့်နေမှုများကို အသိအမှတ်ပြုသောအားဖြင့် ပြိုင်ပွဲမသွားမီ ပြိုင်ပွဲဝင်အားကစားသမားတစ်ဦးကို ငွေကျပ် ၂ သိန်းစီနှင့် အမေရိကန် ဒေါ်လာ ၂၀၀ နှုန်း၊ အုပ်ချုပ်/နည်းပြတစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁၀၀ နှုန်းစီ ချီးမြှင့်ထောက်ပံ့ပေးခဲ့သကဲ့သို့ ပြိုင်ပွဲအသီးသီးတွင် အားကြိုးမာန်တက်ယှဉ်ပြိုင်ပြီး တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သူများကို အမေရိကန်ဒေါ်လာ ၁,၀၀၀ ၊ ငွေတံဆိပ်ရရှိခဲ့ကြသူများကို အမေရိကန်ဒေါ်လာ ၇၀၀ ၊ ကြေးတံဆိပ်ရရှိခဲ့ကြသူများကို အမေ ရိကန်ဒေါ်လာ ၅၀၀၊ အသင်းလိုက်ငွေတံဆိပ်ရရှိခဲ့သူများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀ နှုန်းနှင့် အသင်းလိုက်ကြေးတံဆိပ်ရရှိခဲ့သူများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၀၀ နှုန်း ချီးမြှင့်ပေးခဲ့ကြောင်း။
  • ယခုဂုဏ်ပြုပွဲတွင်လည်း ပြိုင်ပွဲမသွားမီ ကြိုတင်အသိပေး ကြေညာထားသည့်အတိုင်း တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိသူများကို ငွေကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်ရရှိသူများကို ငွေကျပ်သိန်း ၂၀၀ ၊ ကြေးတံဆိပ်ရရှိသူများကို ငွေကျပ်သိန်း ၁၀၀ စီကိုလည်းကောင်း၊
  • အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သည့်အသင်းသားတစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ ၊ ငွေတံဆိပ်ရရှိခဲ့သည့်အသင်းသားတစ်ဦးလျှင် ငွေကျပ်သိန်း ၇၀ ၊ ကြေး တံဆိပ်ရရှိခဲ့သည့်အသင်းသားတစ်ဦးလျှင် ငွေကျပ် ၃၅ သိန်းစီကိုလည်းကောင်း၊ အားကစားနည်းအလိုက် တာဝန်ယူ ဆောင်ရွက်ခဲ့သည့်နည်းပြများကို မိမိတို့အားကစားနည်းမှ ရွှေတံဆိပ်ရရှိခဲ့အောင် စွမ်းဆောင်နိုင်ခဲ့သူ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၃၀ စီကိုလည်းကောင်း၊
  • အားကစားနည်းအလိုက် အုပ်ချုပ်မှုအဖွဲ့များကိုလည်း ရွှေတံဆိပ်ရရှိခဲ့ပါက ငွေကျပ် သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၃၀ နှုန်းဖြင့်လည်းကောင်း၊ စုစုပေါင်းငွေကျပ်သိန်းပေါင်း ၁၀,၀၆၀ ကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း။
  • ဆုတံဆိပ်ရ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကလည်း ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃  ရက်မှ ၉ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် ၁၂ ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲကြီးတွင် ဆုတံဆိပ်သာမက နိုင်ငံအလိုက် အဆင့်ပါ အောင်မြင်မှုရရှိရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ရေကုန်ရေခမ်းဆက်လက်အားထုတ် ကြိုးပမ်းသွားကြပါဟု အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်ဆုရအားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများကို ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • ရွှေတံဆိပ်ရရှိခဲ့သည့်ပြေးခုန်ပစ်အားကစားနည်းမှ အပြေးပြိုင်ပွဲများတွင် ရွှေတံဆိပ် ၂ ခုနှင့် ငွေတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစားသမား ဒုတပ်ကြပ် စိုးပေနှင့် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစားသမား အရာခံဗိုလ် ကျော်ကျော်ဝင်း တို့ကို လည်းကောင်း၊
  • သံပြားပစ်နှင့် သံလုံးပစ်ပြိုင်ပွဲများတွင် ရွှေတံဆိပ် ၂ ခု ရရှိခဲ့သည့် အားကစားသမား မထက်ထက်အေး၊ ရွှေတံဆိပ် ၂ ခု ရရှိခဲ့သည့် အားကစားသမား မောင်အောင်ဘုန်းမြတ်၊ ရွှေတံဆိပ် ၁ ခုနှင့် ငွေတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစားသမား ဒုတပ်ကြပ်ဇော်မင်းလွင်နှင့် ကြေးတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစားသမား တပ်ကြပ် တင်ညိုတို့ကိုလည်းကောင်း၊
  • လှံတံပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစားသမား မထက်ထက်အေးနှင့် ရွှေတံဆိပ် ၁ ခုရရှိခဲ့သည့် အားကစားသမား တပ်ကြပ်တင်ညိုတို့ကို လည်းကောင်း၊
  • ရေကူးအားကစားနည်းများမှ ရွှေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစားသမား မောင်အောင်မြင့်မြတ်၊ ရွှေတံဆိပ် ၁ ခုနှင့် ငွေတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစားသမား မောင်အောင်ဖုန်း၊ ရွှေတံဆိပ် ၁ ခုနှင့် ငွေတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစားသမား မောင်ကျော်ထူးနှင့် ရွှေတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစားသမား မောင်နန္ဒာစိုးမင်းတို့ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ငွေတံဆိပ်ဆုရရှိခဲ့ကြသည့် ပြေးခုန်ပစ်အားကစားနည်းမှ အပြေးပြိုင်ပွဲများနှင့် အလျားခုန်ပြိုင်ပွဲတွင် ငွေတံဆိပ် ၂ ခု ရရှိခဲ့သည့် အားကစားသမား မလော်လာဝင်းနှင့် ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၁ ခု ရရှိခဲ့သည့် အားကစား သမား မနန္ဒာလင်းကိုလည်းကောင်း  သံလုံးပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ လှံတံပစ်နှင့် သံပြားပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ် ၂ ခု ရရှိခဲ့သည့် အားကစားသမား ဒုတပ်ကြပ်အောင်ထွန်းလင်းကိုလည်းကောင်း၊ လှံတံပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုနှင့် အမြင့်ခုန်ပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခု ရရှိခဲ့သည့် ဒုတပ်ကြပ် စိုးသန်းကိုလည်းကောင်း၊ အလေးမအားကစားနည်းမှ ငွေတံဆိပ် ၂ ခု ရရှိခဲ့သည့် အားကစားသမား မငြိမ်းစန္ဒာအောင်ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များက ငွေတံဆိပ်၊ ကြေးတံဆိပ် ရရှိကြသည့် နိုင်ငံ့ဂုဏ်ဆောင် ဆုရ အားကစားသမားများ၊ အုပ်ချုပ်မှုအဖွဲ့နှင့် နည်းပြများကို ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၈-၂၀၂၂)

  • အားကစားအောင်မြင်မှုသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်တွင် ထည်ဝါခန့်ညားစေပြီး အားကစားပြိုင်ပွဲများကိုလည်း လက်နက်မပါသောတိုက်ပွဲများဟုပင် တင်စားလာနေကြပြီဖြစ်။
  • အားကစားသည် ပြောင်းလဲလာသောအခြေအနေအရပ်ရပ်နှင့်အညီ အရှိန်အဝါနှင့် အနေအထားအရပါ မြင့်မားလာသည်ဖြစ်သဖြင့် ကျန်းမာရေးသက်သက်၊ အားကစားသက်သက် အဆင့်တွင်သာ ရပ်တန့်မနေဘဲ နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင်ပေးသည့် အမျိုးသားရေးတာဝန် တစ်ရပ်လည်း ဖြစ်လာခဲ့ပြီဖြစ်။
  • မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကွင်းဆင်းဆောင်ရွက်ခဲ့သော မသန်စွမ်းမှုလေးမျိုး အခြေခံစစ်တမ်းအရ နိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်သော ၂ ဒသမ ၃ သန်းခန့်သည် မသန်စွမ်းသူများဖြစ်သည်ကို တွေ့ရှိခဲ့ရ။
  • (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၇ နည်း၊ အားကစားသမား ၆၉ ဦး၊ ဖိတ်ကြားခံ၊ အုပ်ချုပ်သူ/နည်းပြ ၄၀ ဦး၊ ဒိုင်လူကြီး ၄ ဦး အပါအဝင် စုစုပေါင်း ၁၁၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခု၊ စုစုပေါင်းဆုတံဆိပ် ၄၃ ခုရရှိပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၆ နေရာရရှိခဲ့။
  • နိုင်ငံတော်အနေဖြင့်လည်း ပြိုင်ပွဲမသွားမီ ပြိုင်ပွဲဝင်အားကစားသမားတစ်ဦးကို ငွေကျပ် ၂ သိန်းစီနှင့် အမေရိကန်ဒေါ်လာ ၂၀၀ နှုန်း၊ အုပ်ချုပ်/နည်းပြတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀ နှုန်းစီချီးမြှင့်ထောက်ပံ့ ပေးခဲ့သကဲ့သို့ ပြိုင်ပွဲအသီးသီးတွင် အားကြိုးမာန်တက်ယှဉ်ပြိုင်ပြီး တစ်ဦးချင်း ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သူများကို အမေရိကန်ဒေါ်လာ ၁,၀၀၀၊ ငွေတံဆိပ်ရရှိခဲ့ကြသူများကို အမေရိကန် ဒေါ်လာ ၇၀၀၊ ကြေးတံဆိပ်ရရှိခဲ့ကြသူများကို အမေရိကန်ဒေါ်လာ ၅၀၀၊ အသင်းလိုက်ငွေတံဆိပ်ရရှိခဲ့သူများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀ နှုန်း နှင့် အသင်းလိုက်ကြေးတံဆိပ်ရရှိခဲ့သူများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၀၀ နှုန်း ချီးမြှင့်ပေးခဲ့။
  • ယခုဂုဏ်ပြုပွဲတွင်လည်း ပြိုင်ပွဲမသွားမီ ကြိုတင်အသိပေးကြေညာထားသည့်အတိုင်း တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိသူများကို ငွေကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်ရရှိသူများကို ငွေကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ရရှိသူများကို ငွေကျပ် သိန်း ၁၀၀ စီကိုလည်းကောင်း၊
  • အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သည့်အသင်းသားတစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့သည့်အသင်းသားတစ်ဦးလျှင် ငွေကျပ်သိန်း ၇၀၊ ကြေးတံဆိပ်ရရှိခဲ့သည့်အသင်းသားတစ်ဦးလျှင် ငွေကျပ် ၃၅ သိန်းစီကိုလည်းကောင်း၊ အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့သည့်နည်းပြများကို မိမိတို့အား ကစားနည်းမှ ရွှေတံဆိပ်ရရှိခဲ့အောင် စွမ်းဆောင်နိုင်ခဲ့သူ နည်းပြတစ်ဦးလျှင် ငွေ ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၃၀ စီကိုလည်းကောင်း၊
  • အားကစားနည်းအလိုက် အုပ်ချုပ်မှုအဖွဲ့များကိုလည်း ရွှေတံဆိပ်ရရှိခဲ့ပါက ငွေကျပ် သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၃၀ နှုန်းဖြင့်လည်းကောင်း၊ စုစုပေါင်းငွေကျပ်သိန်းပေါင်း ၁၀,၀၆၀ ကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်။

Add new comment