ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့် သင်တန်းအမှတ်စဉ် (၄/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၄/၂၀၂၂) သင်တန်းဆင်းပွဲကို ဩဂုတ်လ ၁၉ ရက်တွင် စစ်ကြောရေးနှင့် တည်းခိုရေးတပ် (ရွာတော်) ဆင်ဖြူရှင်ခန်းမ၌ ကျင်းပ ခဲ့ပါသည်။

သင်တန်းဆင်းပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက-

  • လာမည့်ရွေးကောက်ပွဲကို ယခင်ရွေးကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့် မဲများသူ အနိုင်ရ (FPTP) စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (PR) စနစ်သို့ ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း။
  • PR စနစ်ကို ပြောင်းလဲကျင့်သုံးခြင်းဖြင့် မဲဆန္ဒရှင်ပြည်သူများ၏မဲများ အဟောသိကံ အလဟဿဖြစ်မှုနည်းပါးပြီး ပါတီစုံ၊ လူတန်းစားစုံ၊ အလွှာစုံကိုယ်စားလှယ်များ ပါဝင်လာခြင်းဖြင့် စွမ်းဆောင်ရည်မြင့်မားသော အစိုးရကို ဖွဲ့စည်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
  • တိုင်းရင်းသားလူနည်းစုပါတီများအနေဖြင့် ယင်းတို့ကို ထောက်ခံသောမဲများ အချိုးအရ ဥပဒေပြုလွှတ်တော်နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိလာမည်ဖြစ်ကြောင်း။
  • သင်တန်းသားဦးစီးအရာရှိများအနေဖြင့် ခေါင်းဆောင်ကောင်းများအဖြစ် မိမိတို့၏ လုပ်ငန်းတာဝန်များကို တာဝန်ပေးစေခိုင်းမှသာ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ကြိုတင်မျှော်တွေးပြီး ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။  

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၈-၂၀၂၂)

  • လာမည့်ရွေးကောက်ပွဲကို ယခင်ရွေးကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့် မဲများသူအနိုင်ရ (FPTP) စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (PR) စနစ်သို့ ပြောင်းလဲကျင့်သုံးမည်ဖြစ်။
  • PR စနစ်ကို ပြောင်းလဲကျင့်သုံးခြင်းဖြင့် မဲဆန္ဒရှင်ပြည်သူများ၏မဲများ အဟောသိကံ အလဟဿဖြစ်မှုနည်းပါးပြီး ပါတီစုံ၊ လူတန်းစားစုံ၊ အလွှာစုံကိုယ်စားလှယ်များ ပါဝင်လာခြင်းဖြင့် စွမ်းဆောင်ရည်မြင့်မားသော အစိုးရကို ဖွဲ့စည်းဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် တိုင်းရင်းသား လူနည်းစုပါတီများအနေဖြင့်လည်း ယင်းတို့ကို ထောက်ခံသောမဲများအချိုးအရ ဥပဒေပြုလွှတ်တော်နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိလာမည်ဖြစ်။

Add new comment