နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေး (၄/၂၀၂၂) သို့ တက်ရောက်အမှာစကားပြောကြား

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေး (၄/၂၀၂၂) ကို ဩဂုတ်လ ၁၉ ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-

  • တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်မှာ ယခုဆိုလျှင်သက်တမ်းအားဖြင့် (၉) လအတွင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း။
  • လအလိုက် ဖမ်းဆီးရမိမှုကို ကြည့်မည်ဆိုလျှင် ဇွန်လတွင် ဖမ်းဆီးရမိမှု စုစုပေါင်းတန်ဖိုးငွေကျပ် (၃ဒသမ၄) ဘီလီယံသာရှိခဲ့သော်လည်း ဇူလိုင်လတွင် ငွေကျပ် (၆ဒသမ၁) ဘီလီယံအထိ နှစ်ဆနီးပါး တိုးတက်လာသည်ကို တွေ့ရကြောင်း။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖမ်းဆီးရမိမှုကို ကြည့်မည်ဆိုလျှင် ဇူလိုင်လအတွင်း ပဲခူးတိုင်းဒေသကြီး၌ ဖမ်းဆီးရမိမှုအများဆုံးဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်အများစုတွင် ဖမ်းဆီးရမိမှုများ ယခင်လထက်ပိုမိုတိုးတက်လာသည်ကို တွေ့ရကြောင်း။
  • ဇန်နဝါရီလမှ ဇူလိုင်လအထိ (၇) လတာကာလအတွင်း ဖမ်းဆီးရမိမှု အမှုတွဲ (၂,၁၈၂) မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ် (၃၁ ဒသမ ၂၈) ဘီလီယံဖြစ်ပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဖမ်းဆီးရမိအမှုတွဲ (၉၃၀) မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ် (၂၅ ဒသမ ၄၆) ဘီလီယံ ပိုမိုရရှိ ခဲ့ကြောင်း။
  • တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင်ပါဝင်သော အထူးအဖွဲ့များ၊ OSS အဖွဲ့ဝင်များအနေဖြင့် တရားမဝင်ကုန်ပစ္စည်းများကို ထိရောက်စွာဖမ်းဆီးနိုင်ရေး ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သကဲ့သို့ ကုန်သည်လုပ်ငန်းရှင်များကို ကုန်သွယ်မှုများ မှန်မှန်ကန်ကန်ဆောင်ရွက်တတ် စေရေးနှင့် လမ်းကြောင်းမှန်ပေါ်ရောက်ရှိစေရေးအတွက် ကူညီထိန်းကျောင်းပေးရန်လိုအပ်ကြောင်း။
  • ဖမ်းဆီးရမိပစ္စည်းများနှင့်ပတ်သက်၍ ဖမ်းဆီးပြီးသည့်ကာလမှ လေလံတင် ရောင်းချပြီးသည့်ကာလအထိ ဌာနဆိုင်ရာများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရာတွင် အချိန်ကြန့်ကြာမှုများမဖြစ်ပေါ်စေရေး၊ မှန်ကန်မြန်ဆန်စေရေး၊ ဖမ်းဆီးရမိဆုကြေးငွေများကို အမြန်ဆုံး ခွဲဝေထုတ်ပေးနိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများမှ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • အထူးအားဖြင့် လိုင်စင်မဲ့မော်တော်ယာဉ်များအသုံးပြု၍ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများအပါအဝင် ပေါက်ကွဲစေတတ်သော တရားမဝင်အကောက်အခွန်မဲ့ပစ္စည်းများကို နည်းမျိုးစုံသယ်ဆောင်ခြင်းများ မရှိစေရေးအတွက် စစ်ဆေးရေးစခန်းများတွင်ရှိကြသည့် တာဝန်ကျ ဝန်ထမ်းများအနေဖြင့် နည်းမျိုးစုံဖြင့် ရှာဖွေဖော်ထုတ်ဖမ်းဆီးကြရမည်ဖြစ်ကြောင်း။
  • တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရာတွင် မှန်ကန်သည့်သတင်းရရှိမှု၊ သတင်းလုံခြုံမှုနှင့် သတင်းပေးလူပုဂ္ဂိုလ်အတွက် လုံခြုံရေးသည်အရေးကြီးကြောင်း၊ ရရှိသည့် သတင်းအချက်အလက်များကို တည်ဆောက်ပြီး လုံခြုံရေးအတွက် စုဖွဲ့ကာ တစ်ညီတစ်ညွတ်တည်း စုပေါင်း ဆောင်ရွက်မှသာ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း။
  • စစ်ဆေးရမည့်ဌာနက စစ်ဆေးနေသကဲ့သို့၊ လုံခြုံရေးအဖွဲ့အစည်းကလည်း လုံခြုံရေးဆောင်ရွက်ပေးနေရန်လိုကြောင်း၊ နယ်စပ်ဒေသများတွင် လုံခြုံရေးသည် အထူးအရေးကြီးကြောင်း။
  • နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း နိုင်ငံတော်အတွက် အခွန်အကောက်များအမှန်တကယ်ရရှိရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် တရားမဝင်ကုန်သွယ်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများကို အများပြည်သူသိရှိနိုင်ရေးအတွက် မီဒီယာကဏ္ဍဖြင့် ကျယ်ကျယ် ပြန့်ပြန့်အသိပေးဆောင်ရွက်ကြရန်၊ အခွန်အခများ အပြည့်အဝရရှိရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး နိုင်ငံတော်မှ ရသင့်ရထိုက်သည့်အခွန်အခများ အပြည့်အဝရရှိရေးအတွက် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းအဖွဲ့အစည်းများအနေဖြင့် တာဝန်သိစိတ်ဖြင့် စေတနာထားဆောင်ရွက်ကြရန်၊ တရားမဝင်ကုန်သွယ်မှုတားဆီးရေး ဆောင်ရွက်ရာတွင် တာဝန်ကျဝန်ထမ်းများ၏ လုံခြုံရေးနှင့်အများပြည်သူ လုံခြုံရေးအတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝင်းရှိန်၊ ဒေါက်တာပွင့်ဆန်း၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၈-၂၀၂၂)

  • ဖမ်းဆီးရမိပစ္စည်းများနှင့်ပတ်သက်၍ ဖမ်းဆီးပြီးသည့်ကာလမှ လေလံတင်ရောင်းချပြီးသည့်ကာလအထိ ဌာနဆိုင်ရာများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရာတွင် အချိန်ကြန့်ကြာမှုများမဖြစ်ပေါ်စေရေး၊ မှန်ကန်မြန်ဆန်စေရေး၊ ဖမ်းဆီးရမိဆုကြေးငွေများကို အမြန်ဆုံး ခွဲဝေထုတ်ပေးနိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများမှ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်သွားကြရမည်ဖြစ်။
  • အထူးအားဖြင့် လိုင်စင်မဲ့မော်တော်ယာဉ်များအသုံးပြု၍ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများအပါအဝင် ပေါက်ကွဲစေတတ်သော တရားမဝင်အကောက်အခွန်မဲ့ပစ္စည်းများကို နည်းမျိုးစုံသယ်ဆောင်ခြင်းများ မရှိစေရေးအတွက် စစ်ဆေးရေးစခန်းများတွင်ရှိကြသည့် တာဝန်ကျ ဝန်ထမ်းများအနေဖြင့် နည်းမျိုးစုံဖြင့် ရှာဖွေဖော်ထုတ်ဖမ်းဆီးကြရမည်ဖြစ်။
  • တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရာတွင် မှန်ကန်သည့်သတင်းရရှိမှု၊ သတင်းလုံခြုံမှုနှင့် သတင်းပေးလူပုဂ္ဂိုလ်အတွက် လုံခြုံရေးသည်အရေးကြီးကြောင်း၊ ရရှိသည့် သတင်းအချက်အလက်များကို တည်ဆောက်ပြီး လုံခြုံရေးအတွက် စုဖွဲ့ကာ တစ်ညီတစ်ညွတ်တည်း စုပေါင်း ဆောင်ရွက်မှသာ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်။
  • နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း နိုင်ငံတော်အတွက် အခွန်အကောက်များအမှန်တကယ်ရရှိရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် တရားမဝင်ကုန်သွယ်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများကို အများပြည်သူသိရှိနိုင်ရေးအတွက် မီဒီယာကဏ္ဍဖြင့် ကျယ်ကျယ် ပြန့်ပြန့်အသိပေးဆောင်ရွက်ကြရန်၊ အခွန်အခများ အပြည့်အဝရရှိရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး နိုင်ငံတော်မှ ရသင့်ရထိုက်သည့်အခွန်အခများ အပြည့်အဝရရှိရေးအတွက် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းအဖွဲ့အစည်းများအနေဖြင့် တာဝန်သိစိတ်ဖြင့် စေတနာထားဆောင်ရွက်ကြရန်၊ တရားမဝင်ကုန်သွယ်မှု တားဆီးရေး ဆောင်ရွက်ရာတွင် တာဝန်ကျဝန်ထမ်းများ၏ လုံခြုံရေးနှင့် အများပြည်သူလုံခြုံရေးအတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်။

Add new comment