တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ နိုင်ငံတစ်ဝှမ်း၌ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီး များဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိပါသည်။

ဩဂုတ်လ ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းမှ စစ်တွေမြို့သို့ Sinopharm ၅၄,၉၆၀ လုံးနှင့် ဆေးထိုးအပ် ၅၇၀,၆၀၀ ချောင်း၊ သံတွဲမြို့သို့ Sinopharm ၂,၄၆၀ လုံးနှင့် ဆေးထိုးအပ် ၂၅၀,၂၀၀ ချောင်း၊ ကျိုင်းတုံမြို့သို့ Sinopharm ၈,၁၆၀ လုံး၊ Myancopharm ၁၉,၄၅၂ လုံးနှင့် ဆေးထိုးအပ် ၁၅၆,၆၀၀ ချောင်း၊ ကလေးမြို့သို့ ဆေးထိုးအပ် ၃၃,၈၀၀ ချောင်း၊ တီးတိန်မြို့သို့ ဆေးထိုးအပ် ၃၀,၇၀၀ ချောင်း၊ ဖလမ်းမြို့သို့ ဆေးထိုးအပ် ၈,၄၀၀ ချောင်း၊ လားရှိုးမြို့သို့ ဆေးထိုးအပ် ၈၄,၆၀၀ ချောင်းတို့ကို တပ်မတော်လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ပေးခဲ့ပါသည်။

အဆိုပါ ကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ  ၁၉-၈-၂၀၂၂)

  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိ။
  • ဩဂုတ်လ ၁၈ ရက်တွင် စစ်တွေမြို့၊ သံတွဲမြို့၊ ကျိုင်းတုံမြို့၊ ကလေးမြို့၊ တီးတိန်မြို့၊ ဖလမ်းမြို့၊ လားရှိုးမြို့များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ဆေးထိုးအပ်အသီးသီး ပို့ဆောင်ပေးခဲ့။

Add new comment