အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့ အစည်းများရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၇ ရက်တွင် အဆိုပါရုံး၏ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူ များက-

  • အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများတွင် စနစ်တစ်ခုကဲ့သို့ နက်ရှိုင်းစွာပျံ့နှံ့နေသော အဂတိလိုက်စားမှု (Systemic Corruption) ကို သိသာထင်ရှားစွာကျဆင်းသွားစေရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအခြေခံကောင်းများ တည်ဆောက်နိုင်ရေး၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း များ၏ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း ၃၈ ခုတို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) များကို ဖွဲ့စည်းထားပြီးဖြစ်။
  • သက်ဆိုင်ရာဌာနအလိုက် အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment–CRA) ကိုဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားမှုများအား တားဆီးသွားနိုင်မည်ဖြစ်သည့်အတွက် CRA လုပ်ငန်းကို တွန်းအားပေးဆောင်ရွက်လျက်ရှိနေမှုများနှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်များ၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့။

အစည်းအဝေးသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

 သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၈-၈-၂၀၂၂)

  • အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့။
  • ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း ၃၈ ခုတို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်းထားပြီးဖြစ်သည့်အပြင် သက်ဆိုင်ရာဌာနအလိုက်  အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment–CRA) ဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားမှုများကို တားဆီးသွားနိုင်မည်ဖြစ်သည့်အတွက် CRA လုပ်ငန်းကို တွန်းအားပေးဆောင်ရွက်လျက်ရှိ။

Add new comment