နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၉ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၉/၂၀၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ်လ ၁၇ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၂) ကို ဇူလိုင်လ ၃၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့မှု၊ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများနှင့် အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်နှင့် နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ်တို့အောင်မြင်စေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။
  • ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများပါဝင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့မှုအခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရန်ပုံငွေများလွှဲပြောင်း ပေးအပ်ခဲ့သည့် အခြေအနေများ။
  • ငြိမ်းချမ်းရေးဆောင်ရွက်ချက်များနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် EAO အဖွဲ့ ၁၀ ဖွဲ့ တို တွေ့ဆုံဆွေးနွေးခဲ့မှု၊ ဆွေးနွေးခဲ့ပြီး သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အခြေအနေများနှင့် ဒုတိယအကြိမ်ထပ်မံတွေ့ဆုံဆွေးနွေးရန် ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ။
  • မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ရောက်ရှိစဉ် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့မှုအခြေအနေများ။
  • ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ (International Army Game- 2022)နှင့် တတိယအကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd CISM World Cadet Games)တွင် မြန်မာ့တပ်မတော် ကိုယ်စားပြုအသင်းများ ပါဝင်ယှဉ်ပြိုင်နေမှုနှင့် ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့်အခြေအနေများ။
  • မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်းနိုင်ငံအဖြစ်လည်းကောင်း၊ မဟာဗျူဟာမိတ်ဖက်နိုင်ငံအဖြစ်လည်းကောင်း၊ ဆွေမျိုးပေါက်ဖော်နိုင်ငံအဖြစ်လည်းကောင်း ခိုင်မာစွာရပ်တည်သွားမည့်အခြေအနေများ။
  • (၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့မှုအခြေအနေများ။
  • ခရိုင်(၅၀)ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများ တွဲဖက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ ဒေသအချို့တွင် အကြမ်းဖက်မှုလုပ်ရပ်များ အပါအဝင် အခြားလုပ်ဆောင်နေမှုများနှင့်ပတ်သက်၍ PowerPoint Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့ကြသူများကို အရေးယူဆောင်ရွက်မှုအခြေအနေများ၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေ စာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ PowerPoint Presentation များဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့ပါသည်။

 အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်းရယူခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၈-၂၀၂၂)

  • ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေးဆောင်ရွက်ချက်များနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် EAO အဖွဲ့ ၁၀ ဖွဲ့ တိုတွေ့ဆုံဆွေးနွေးခဲ့မှု၊ ဆွေးနွေးခဲ့ပြီး သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့် အခြေအနေများနှင့် ဒုတိယအကြိမ်ထပ်မံတွေ့ဆုံဆွေးနွေးရန် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ။
  • ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ (International Army Game- 2022)နှင့် တတိယအကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd CISM World Cadet Games)တွင် မြန်မာ့တပ်မတော် ကိုယ်စားပြုအသင်းများ ပါဝင်ယှဉ်ပြိုင်နေမှုနှင့် ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့်အခြေအနေများ။
  • ခရိုင်(၅၀)ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများ တွဲဖက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ ဒေသအချို့တွင် အကြမ်းဖက်မှုလုပ်ရပ်များ အပါအဝင် အခြားလုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ PowerPoint Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့။

Add new comment