ပြွန်တန်ဆာမြို့၌ အမျိုးသား ၅ ဦးက အကြမ်းဖက်မှုလုပ်ရပ်များလုပ်ဆောင်ရန် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား

NUG အဖွဲ့၏ စီစဉ်စေခိုင်းချက်အရ PDF အကြမ်းဖက် သမားများသည် ပြည်သူလူထုအား အကြောက်တရားဖြင့် လွှမ်း မိုးထိန်းချုပ်နိုင်စေရန် အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အဝေးထိန်း ရီမုမိုင်းထောင်၍ ဖောက်ခွဲခြင်းများကို လုပ်ဆောင် လျက်ရှိပါသည်။ ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် ရန်အတွက် လက်လုပ်မိုင်းများပြုလုပ်ရာတွင် စနစ်တကျ သင် ယူမှုမရှိဘဲ အန္တရာယ်ရှိသည့်ဖောက်ခွဲရေးပစ္စည်းများကို အသိဉာဏ်နည်းပါးစွာဖြင့် ပြုလုပ်နေသောကြောင့် မကြာခဏပေါက် ကွဲသေဆုံးနေကြောင်း တွေ့ရှိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန် ဆာမြို့၊ မြို့မ(၃)ရပ်ကွက်၌ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် ညပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြို့မ(၃)ရပ်ကွက်ရှိ ဦးစိုးသိန်း ပိုင်ဆိုင်သည့် RC တစ်ထပ်တိုက် ဘယ်ဘက် ခြမ်းတွင် အောင်ပြည့်စုံထွန်း၊ ကျော်စွာနှင့် စည်သူထွန်းတို့ ၃ ဦးအား ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေပြီး အောင်မြင့်မြတ်ထွန်းတွင် ခန္ဓာကိုယ်အောက်ပိုင်း၌ မိုင်း စထိမှန်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရပါသည်။

အောင်မြင့်မြတ်ထွန်း၏ ထွက်ဆိုချက်အရ ၎င်းသည် ဦးစိုးသိန်း၏သားဖြစ်သူ ဇင်ကိုလွင်(၂၉-နှစ်)၊ အောင်ပြည့်စုံထွန်း၊ ကျော်စွာ၊ စည်သူထွန်းတို့နှင့်အတူ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေအိမ်အား အသေးစိတ်ဆက်လက်စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုဖြစ်ထားသည့် နေရာအနီးမှ ပျက်စီးနေသော ပစ္စတိုသေနတ် ၁ လက်နှင့် ကျည် ၂ တောင့်အား သိမ်းဆည်းရမိခဲ့ပြီး ဖြစ်စဉ်တွင် ပါဝင်ပြီး ပျောက် ဆုံးနေသည့် ဇင်ကိုလွင်အား ၎င်းနေအိမ်၏ အမြင့် ၁၂ ပေခန့်ရှိ အမိုးပေါ်၌ ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ထပ်မံတွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်တွင် အကြမ်းဖက်မှုများလုပ်ဆောင်ရန် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားကာ သေဆုံးခဲ့သည့် ဇင်ကိုလွင်ပါ အမျိုးသား ၄ ဦး၏ အလောင်းများအား ပြွန်တန် ဆာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင် ရွက်လျက်ရှိပါသည်။

  • ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၌ အမျိုးသား ၅ ဦးက အကြမ်းဖက်မှုလုပ်ရပ်များလုပ်ဆောင်ရန်အတွက် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ၄ ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့။