တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ-

· ဒီဇင်ဘာလ ၃၀ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်‌ဆေးရေးစခန်း၌ ဖမ်းဆီးရမိမှု (၃) မှု၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၆ ဒသမ ၃၅၆ သန်းခန့်အား လည်းကောင်း။

· ဒီဇင်ဘာလ ၃၁ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ဖမ်းဆီးရမိမှု(၁)မှု၊ စုစုပေါင်းခန့်မှန်းတန် ဖိုးငွေကျပ် ၁၂၇ ဒသမ ၇၇၅ သန်းအားလည်းကောင်း အမှု တွဲဖွင့်လှစ်အရေးယူဆောင်ရွက်နိုင်ခဲ့ပါသည်။

 အဆိုပါဖမ်းဆီးရမိမှု(၄)မှုနှင့်ပတ်သက်၍ အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါသည်။

  •  မြန်မာ့စက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်‌ဆေးရေးစခန်း၌ ဖမ်းဆီးရမိမှု(၃)မှု၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၆ ဒသမ ၃၅၆ သန်းခန့်နှင့် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ဖမ်းဆီးရမိမှု(၁)မှု၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၇ ဒသမ ၇၇၅ သန်းတို့အား  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ။