မြန်မာ-ရုရှားခရီးသွားလုပ်ငန်း ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်လေ့ရှိသော နိုင်ငံတကာခရီးသွားပြပွဲများတွင် ပါဝင်ပြသနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပြီး ဝန်ကြီးဌာန၏ website နှင့် ခရီးသွားမြှင့်တင်ရေးဆိုင်ရာ စာစောင်များတွင်လည်း ရုရှားဘာသာဖြင့် ထုတ်ဝေခြင်း၊ လွှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

လက်ရှိတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ရုရှားနှင့်ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရန် ရည်ရွယ်၍ ဩဂုတ်လ ၁၅ ရက်တွင် ပြင်ဦးလွင်မြို့၊ ရွှေနန်းထိုက်ဟိုတယ်၌ ရုရှားဘာသာစကားသင်တန်းအား ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသို့ သင်တန်းသား (၅၀) တက်ရောက်ကြပြီး (၆) လကြာ သင်ကြားပေးသွားမည်ဖြစ်ပါသည်။ အလားတူ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၌ လည်း ရုရှားဘာသာစကား (အခြေခံ) သင်တန်းအား ထပ်မံဖွင့်လှစ်ပေးပြီးဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၈-၂၀၂၂)

  • ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ-ရုရှားခရီးသွားလုပ်ငန်း ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်လေ့ ရှိသော နိုင်ငံတကာခရီးသွားပြပွဲများတွင် ပါဝင်ပြသနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာန၏ website နှင့် ခရီးသွားမြှင့်တင်ရေးဆိုင်ရာ စာစောင်များတွင်လည်း ရုရှားဘာသာဖြင့် ထုတ်ဝေခြင်း၊ လွှင့်တင်ခြင်း၊ ပြင်ဦးလွင်မြို့၊ ရွှေနန်းထိုက်ဟိုတယ်၌ သင်တန်းသား (၅၀) တက်ရောက်မည်ဖြစ်ပြီး ၆ လကြာမည့်  ရုရှားဘာသာစကားသင်တန်းကိုလည်း ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိ။

Add new comment