ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆက်လက်ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-

· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၁ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၉၇,၉၅၁ ဦးအားလည်း‌ကောင်း၊ ပထမအကြိမ်အဖြစ်  ပြည်သူစုစုပေါင်း ၂၇,၃၆၁ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။

· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဇန်နဝါရီလ ၁ ရက်တွင် ဒုတိယ အကြိမ်အဖြစ် ၁,၀၄၅ ဦးအားလည်းကောင်း၊ ပထမအကြိမ် အဖြစ် ၂,၂၀၀ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဇန်နဝါရီလ ၁ ရက်အထိ ကျောင်းသား/သူစုစုပေါင်း ၁,၄၉၇,၆၆၂ ဦးကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။

· ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်း ချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရှေးရှုလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရ အနေဖြင့် ကမ္ဘာ့အသီးသီးမှ မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ယာယီ ကန့်သတ်မှုဆိုင်ရာ အစီအမံများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက် ရှိရာ ဇန်နဝါရီလ ၁ ရက်တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း ၈,၃၁၅ ခု အားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၁၂ ဦးဖြင့် ရောဂါ ပိုးတွေ့ရှိမှု ၁.၃၅ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၁-၁-၂၀၂၂ ရက် အထိ ဓာတ်ခွဲနမူနာစုစု ပေါင်း ၆,၀၄၈,၉၆၅ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၀,၉၄၆ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၇၂ ဦးရှိကြောင်း သိရှိရပါသည်။

  • တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၁ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၉၇,၉၅၁ ဦးအားလည်း‌ကောင်း၊ ပထမအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၂၇,၃၆၁ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
  • ၁-၁-၂၀၂၂ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ စုစုပေါင်း ၁,၄၉၇,၆၆၂ ဦး ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
  • မြန်မာနိုင်ငံအစိုးရအနေဖြင့် ကမ္ဘာ့အသီးသီးမှ မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့။
  • ၁-၁-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၀၄၈,၉၆၅ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၀,၉၄၆ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၇၂ ဦးဖြစ်ပြီး ၁-၁-၂၀၂၂ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၁.၃၅ ရာခိုင်နှုန်းရှိ