သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် အိမ်ထောင်စုများနှင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများသည် မြန်မာနိုင်ငံအတွင်း မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုကြောင့်လည်းကောင်း၊ ရေကြီးရေလျှံမှုများ ဖြစ်ပွား၍ ကမ်းပြိုမှုကြောင့်လည်းကောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှု များဖြစ်ပေါ်ခဲ့သည့်နေရာများအားလည်းကောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

  • ဩဂုတ်လ ၁၀ ရက်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင်ရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုကြောင့် နေအိမ်ပြိုကျပျက်စီးသွားသော အိမ်ထောင်စု ၁ စု အား အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်သိန်း၊ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးနှင့် ဘေးသင့်အိမ်ထောင်စုရှိ လူဦး ရေ ၅ ဦးအတွက် တစ်ဦးလျှင် ၇ ရက်စာ ဆန်ရိက္ခာဖိုးငွေ ၁၀,၅၀၀ ကျပ်ကို သွားရောက်ထောက်ပံ့ပေးခဲ့။
  • ဩဂုတ်လ ၁၁ ရက်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော နေအိမ် ၁၈ လုံး လူဦးရေ ၉၆ ဦးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁,၈၀၀,၀၀၀)နှင့် ဆန်ရိက္ခာရန်ပုံငွေ (၂၀၁,၆၀၀) စုစုပေါင်းထောက်ပံ့ငွေ (၂,၀၀၁,၆၀၀)အား သွားရောက်ထောက်ပံ့ပေးခဲ့။
  • ဩဂုတ်လ ၁၂ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်များအတွင်း သြဂုတ်လ ၁၁ ရက် ညပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေစီးဆင်းမှုကြောင့် တာချီလိတ်မြို့နှင့် မိုင်းတုံမြို့ပေါ်ရှိ လမ်းများနှင့် နေအိမ်များအတွင်း ရေများ ဝင်ရောက်ခြင်း၊ မိုင်းတုံ- ပုံပါကျင်သွားကားလမ်းပေါ်ရှိ လမ်းပိုင်းများ၊ တံတားများ‌ရေတိုက်စား၍ ပြိုကျပျက်ဆီးခြင်းများဖြစ်ပေါ်ခဲ့သဖြင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး ကူညီဆောင်ရွက်ပေးခြင်း၊ ရေချောင်းများအား မြေဖို့ပေးခြင်း၊ လမ်းများပြန်လည်ပြုပြင်ပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့။
  • ဩဂုတ်လ ၁၂ ရက် နံနက်ပိုင်းမှစ၍ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟံဂံကျေးရွာအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ရာ ရေဘေးသင့်ပြည်သူများအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့။
  • သြဂုတ်လ ၁၂ ရက် ညပိုင်းမှစ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေများ မြင့်တက်မှုကြောင့်  ကျိုင်းတုံမြို့ပေါ်ရှိ ရပ်ကွက်များနှင့် တာချီလိတ်မြို့ရှိ ကျေးရွာနှင့် လမ်းများပေါ်၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ခဲ့သဖြင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စုပေါင်း၍ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့။
  • ဩဂုတ်လ ၁၄ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့အတွင်းတို့၌ ဩဂုတ်လ ၁၂ ရက်မှ ၁၃ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးကျောင်းများနှင့် စာသင်ကျောင်းများသို့ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ရေပြန်လည်ကျချိန်၌ တင်ကျန်ခဲ့သော အမှိုက်များနှင့်နှုံးများအား ဖယ်ရှားရှင်းလင်းခြင်း၊ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး သောက်သုံးရေနှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး ရေဘေးသင့်ပြည်သူများအား ဆေးဝါးများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၈-၂၀၂၂)

  • ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်၊ မြိတ်တောင်ရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုကြောင့် နေအိမ်ပြို ကျပျက်စီးသွားသော အိမ်ထောင်စု ၁ စုအား လည်းကောင်း၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော နေအိမ် ၁၈ လုံးအတွက်လည်းကောင်း ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို သွားရောက်ထောက်ပံ့ပေးခဲ့။
  • တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ကာ ရေဘေးသင့်ပြည်သူများအား ဆေးဝါးများနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့။

Add new comment