မြင်းမူမြို့နယ်ရှိ PDF အကြမ်းဖက်သမားများက ခရီးသည်တင်မော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်

ဩဂုတ်လ ၁၂ ရက်တွင် ရန်ကုန်မြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်မော်တော်ယာဉ်တစ်စီးအား PDF အကြမ်းဖက်သမားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာအနီး၌ ဒေသန္တရလက်လုပ်မိုင်း ၂ လုံးဖြင့် အကြောင်းမဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ယာဉ်၏ ဘေးဘယ်၊ ညာမှန်များ ကွဲကြေ ပျက်စီးခဲ့ပြီး ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် သံဃာတော် ၂ ပါးနှင့် အမျိုးသား ၁ ဦးတို့ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည့်အပြင် အဆိုပါနေရာသို့ PDF အကြမ်းဖက်အဖွဲ့ဝင် ၁၀ ဦးခန့် ရောက်ရှိလာပြီး တိုက်ခိုက်ခြင်းခံရသည့် မော်တော်ယာဉ်မှ ဝန်ထမ်း ၄ ဦး၊ ခရီးသည် ၁၁ ဦးအား အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများသည် NUG အဖွဲ့၏ စေခိုင်းချက်အရ ပြည်သူလူထုအပေါ် အကြောက်တရားဖြင့် လွှမ်းမိုးလျက်ရှိပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက် လက်နက်အားကိုးဖြင့် အကြောင်းမဲ့သက်သက် ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား ရက်စက်စွာလုပ်ဆောင်လျက်ရှိပါသည်။

ဖြစ်စဉ်တွင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများ အမြန်ဆုံးပြန်လည်လွတ်မြောက်နိုင်ရေးနှင့် အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သူများအားဖမ်းဆီး၍ ဥပဒေအရအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေပိတ်ဆို့စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။    

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၈-၂၀၂၂)

  • စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာအနီး၌  PDF အကြမ်းဖက်သမားများက ခရီးသည်တင်မော်တော်ယာဉ်တစ်စီးကို ဒေသန္တရလက်လုပ်မိုင်း ၂ လုံးဖြင့် အကြောင်းမဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် သံဃာတော် ၂ ပါးနှင့် အမျိုးသား ၁ ဦးတို့ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့။
  • PDF အကြမ်းဖက်အဖွဲ့ဝင် ၁၀ ဦးခန့်က တိုက်ခိုက်ခြင်းခံရသည့် မော်တော်ယာဉ်မှ ဝန်ထမ်း ၄ ဦး၊ ခရီးသည် ၁၁ ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့။

Add new comment