ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့် အဖွဲ့ကို လက်ခံတွေ့ဆုံ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့်အဖွဲ့ကို ဩဂုတ်လ ၁၂ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံခဲ့ရာတွင်-

  • ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား နားလည်မှုစာချွန်လွှာ (MoU) အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နားလည်မှုစာချွန်လွှာအရ ဘူးသီးတောင်၊ မောင်တောဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေးအတွက် ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်ပြုပေးမှုအခြေအနေများ။
  • ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှု၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အရ နေရပ်စွန့်ခွာသွားသူများ၏ အချက်အလက်များ ပေးပို့လာမှုအပေါ် မိမိဝန်ကြီးဌာနမှ စိစစ် တွေ့ရှိမှုများနှင့် အကြောင်းပြန်ကြား ပြီးစီးမှုအခြေအနေများ။
  • မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ပြန်လည်လက်ခံရေးစခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် ပြန်လည်နေရာချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ။

အဆိုပါ လုပ်ငန်းစဉ်များအပေါ် UNHCR အနေဖြင့် အပြုသဘောဆောင်သည့် ပံ့ပိုးကူညီမှုများပေးနိုင်ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်မှုများအပေါ် နိုင်ငံတကာအဖွဲ့အစည်းများမှ သိရှိနားလည်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးနိုင်ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၈-၂၀၂၂)

  • နားလည်မှုစာချွန်လွှာအရ ဘူးသီးတောင်၊ မောင်တောဒေသအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေးအတွက် ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်ပြုပေးမှုအခြေအနေများ။
  • ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ။
  • မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ပြန်လည်လက်ခံရေးစခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် ပြန်လည်နေရာချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ ဆွေးနွေးခဲ့။

Add new comment