(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၂ ရက်တွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ကျင်းပခဲ့ရာ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-

  • နိုင်ငံတစ်နိုင်ငံ ဖြစ်တည်ပေါ်ပေါက်လာမှုနှင့် နှစ်ကာလများစွာ အရှည်တည်တံ့မှုဟူသော သမိုင်းကြောင်းများသည် ဖြစ်တည်ပေါ်ပေါက်လာခဲ့သည့် နိုင်ငံ၏ လုံခြုံရေး၊ စီးပွားရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုရေးရာ အခန်းကဏ္ဍများအပြင် စည်းလုံးညီညွတ်မှုသည်လည်း ဆက်စပ်လျက် ရှိကြကြောင်း။
  • ယဉ်ကျေးမှုဟူသည့် အခန်းကဏ္ဍကို ထပ်မံခွဲခြမ်းစိတ်ဖြာလျှင် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုတို့ ပါဝင်လျက်ရှိသည်ကို တွေ့မြင်သိရှိနိုင်ကြောင်း။
  • နိုင်ငံအတွင်း စုစည်းနေထိုင်ကြသည့် တိုင်းရင်းသားတို့၏ ရိုးရာဂီတကို ဖန်တီးသော အခြေခံတူရိယာများသည် “ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်” ဆိုသည့် မြန်မာတို့၏ မူလတူရိယာငါးပါးတွင် တစ်ထပ်တည်း ပါဝင်တူညီ နေကြသကဲ့သို့ တိုင်းရင်းသားများ၏ အက အခြေခံမူ အားလုံးသည်လည်း “ခေါင်း၊ ခါး၊ ခြေ၊ လက်” ဆိုသည့် မြန်မာနိုင်ငံသားအားလုံး၏ အကအခြေခံစနစ်တွင် တစ်ထပ်တည်း အခြေတည်လျက်ရှိနေကြောင်း။
  • ၁၉၉၃ ခုနှစ်တွင် စတင်ခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် ၂၀၁၆ ခုနှစ်တွင် ရပ်တန့်ခဲ့ကြောင်း၊ အကျိုးဆက်အားဖြင့် မျိုးဆက်သစ်လူငယ်လူရွယ်များအကြား မြန်မာ့ရိုးရာ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ တိမ်ကောစပြုလာခြင်း၊ ထိန်းသိမ်းပြန့်ပွားနိုင်သည့် ပညာရှင်များ လျော့ပါးလာခြင်း၊ ရိုးရာယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သည့် လှုပ်ရှားမှုများ ခေါင်းထောင်လာရုံမျှမက ရိုးရာယဉ်ကျေးမှု၏ အမွေအနှစ်အချို့ကို ပညာရှင်ကြီးများ စိတ်မချမ်းမသာဖြစ်ရသည်အထိ ထိပါးသွေးတိုးစမ်းခြင်းများ ရှိလာကြောင်း။
  • အနုသုခုမ ယဉ်ကျေးမှုနှင့် မိရိုးဖလာ ဓလေ့ထုံးတမ်းများသည် အပြန်အလှန် အမှီသဟဲပြု၍ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှုအနုသုခုမများ မှေးမှိန်သွားသည့်အခါ နေ့စဉ်ဖြတ်သန်းရသည့်လူမှုဘဝများတွင် အပြန်အလှန်လေးစားမှု၊ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဆိုပြီး အလေးထားကြသည့် မိရိုးဖလာဂါရဝတရားများပါ ကွယ်ပျောက်လုနီးပါး ဖြစ်လာခဲ့ကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက် ၉ ရပ်၏ လူမှုရေးဦးတည်ချက်များတွင် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး” ဆိုသည့် ဦးတည်ချက်ကို တိကျစွာထည့်သွင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
  • ထို့ကြောင့် မကျင်းပနိုင်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ဆောင်ရွက်နေသည့် ဦးတည်ချက်နှင့်အညီ (၂၃) ကြိမ်မြောက်အဖြစ် ယခင်ကာလများကဲ့သို့ ခန့်ညားထည်ဝါစွာ ပြန်လည်ကျင်းပနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
  • ယခုနှစ်ကျင်းပမည့် (၂၃)ကြိမ်မြောက်ပြိုင်ပွဲကြီးတွင် ယခင်နှစ်များနည်းတူ အဆိုဘာသာရပ်အဖြစ် ပြိုင်ပွဲအမျိုးအစား(၃)ခု၊ အကဘာသာရပ်အနေဖြင့် ပြိုင်ပွဲအမျိုးအစား(၈)ခု၊ အရေးဘာသာရပ်အနေဖြင့် ပြိုင်ပွဲအမျိုးအစား(၁)ခုနှင့် အတီးဘာသာရပ်အနေဖြင့် ပြိုင်ပွဲအမျိုးအစား (၁၃)ခုတို့ကို ထည့်သွင်းကျင်းပရန် စီစဉ်ထားသည်ကို သိရှိရကြောင်း။
  • မြန်မာ့အနုသုခုမသဘင်၏ နှုတ်မှုစွမ်းရည်ပညာရပ် အတတ်ပညာဖြစ်သည့် “ကွက်စိပ်” ပညာရပ်သည်လည်း တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေကြောင်း၊ ကွက်စိပ်ပြိုင်ပွဲကိုလည်း အစဉ်အလာမပျက်ဆက်လက်ထည့်သွင်းယှဉ်ပြိုင်သွားဦးမည်ဟု သိရှိရကြောင်း။
  • အမြင့်သဘင်ဟု တင်စားသတ်မှတ်ခဲ့ကြသည့် မြန်မာ့ရုပ်သေးကြိုးဆွဲပညာသည် ဒေသတွင်းသာမက နိုင်ငံတကာအထိ ထိုးဖောက်နိုင်ခဲ့သည့် အနုပညာရပ်ဖြစ်ကြောင်း၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကြောင့် ရုပ်သေးပညာရှင် မျိုးဆက်သစ်ပေါင်းများစွာကို လက်ဆင့်ကမ်း မွေးထုတ်ပေးနိုင်ကြောင်း၊ နိုင်ငံတကာစိတ်ဝင်စားမှုနှင့်အတူ နိုင်ငံခြားဝင်ငွေရှာဖွေနိုင်သည့် အတိုင်းအတာတစ်ခုအထိ ထိုးဖောက်နိုင်ခဲ့ပြီဖြစ်ကြောင်း။
  • (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ ပြိုင်ပွဲကြီး၏ ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ထည်ဝါခန့်ညားစွာ ကျင်းပနိုင်ရေးအတွက် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆုချီးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် အခြားအုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များတွင် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအနေဖြင့် ပွင့်လင်းစွာဆွေးနွေးပြီး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ် ပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အကဲဖြတ်ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၈-၂၀၂၂)

  • နိုင်ငံတစ်နိုင်ငံ ဖြစ်တည်ပေါ်ပေါက်လာမှုနှင့် နှစ်ကာလများစွာ အရှည်တည်တံ့မှုဟူသော သမိုင်းကြောင်းများသည် ဖြစ်တည်ပေါ်ပေါက်လာခဲ့သည့် နိုင်ငံ၏လုံခြုံရေး၊ စီးပွားရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုရေးရာ အခန်းကဏ္ဍများအပြင် စည်းလုံးညီညွတ်မှုသည်လည်း ဆက်စပ်လျက်ရှိ။
  • ယဉ်ကျေးမှုဟူသည့် အခန်းကဏ္ဍကို ထပ်မံခွဲခြမ်းစိတ်ဖြာလျှင် ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုတို့ ပါဝင်လျက်ရှိသည်ကို တွေ့မြင်သိရှိနိုင်။
  • နိုင်ငံအတွင်း စုစည်းနေထိုင်ကြသည့် တိုင်းရင်းသားတို့၏ ရိုးရာဂီတကို ဖန်တီးသော အခြေခံတူရိယာများသည် “ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် ဆိုသည့် မြန်မာတို့၏ မူလတူရိယာငါးပါးတွင် တစ်ထပ်တည်း ပါဝင်တူညီနေကြသကဲ့သို့ တိုင်းရင်းသားများ၏ အကအခြေခံမူ အားလုံးသည်လည်း “ခေါင်း၊ ခါး၊ ခြေ၊ လက်” ဆိုသည့် မြန်မာနိုင်ငံသားအားလုံး၏ အကအခြေခံစနစ်တွင် တစ်ထပ်တည်း အခြေတည်လျက်ရှိ။
  • ယခုနှစ်ကျင်းပမည့် (၂၃)ကြိမ်မြောက်ပြိုင်ပွဲကြီးတွင် ယခင်နှစ်များနည်းတူ အဆိုဘာသာရပ်အဖြစ် ပြိုင်ပွဲအမျိုးအစား(၃)ခု၊ အကဘာသာရပ်အနေဖြင့် ပြိုင်ပွဲအမျိုးအစား(၈)ခု၊ အရေးဘာသာရပ်အနေဖြင့် ပြိုင်ပွဲအမျိုးအစား(၁)ခုနှင့် အတီးဘာသာရပ်အနေဖြင့် ပြိုင်ပွဲအမျိုးအစား (၁၃)ခုတို့ကို ထည့်သွင်းကျင်းပရန် စီစဉ်ထားရှိ။

Add new comment