၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ ဗဟိုအဆင့် အထိမ်းအမှတ်အခမ်းအနားကျင်းပ

ပညာ‌ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ဗဟိုအဆင့် အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ်လ ၁၁ ရက်တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့ တက်ရောက်ခဲ့ကြပါသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ကျောင်းအခြေပြု ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးစောင့်ရှောက်မှုလုပ်ငန်း၊ အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာအန္တရာယ်ကင်းဝေးရေးလုပ်ငန်း၊ ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ကျောင်းသား/သူစုစုပေါင်း ၆ ဒသမ ၆ သန်းခန့်အား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပထမအကြိမ် ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများကို သန်ချဆေးတိုက်ကျွေးခြင်း၊ ဆယ်ကျော်သက်ကျောင်းသူများကို သံဓာတ်အားဆေးပေးဝေခြင်း၊ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာစေကြောင်း အလေ့အကျင့် ကောင်းများနှင့်ပတ်သက်၍ ဉာဏ်စမ်းမေးခွန်းများမေးမြန်းခြင်းနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ကျောင်းခန်းမရှေ့ရှိ စာသင်ခန်းများအတွင်း ကျောင်းသား၊ ကျောင်းသူများက ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံးများ ရေးခြယ်သီကုံးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိ ရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၂-၈-၂၀၂၂)

  • ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ကျောင်းအခြေပြု ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးစောင့်ရှောက်မှုလုပ်ငန်း၊ အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာအန္တရာယ် ကင်းဝေးရေးလုပ်ငန်း၊ ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့် ကျောင်းသား/သူစုစုပေါင်း ၆ ဒသမ ၆ သန်းခန့်အား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပထမအကြိမ် ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်လျက်ရှိ။

Add new comment