သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ မြေပြိုမှုကြောင့်လည်းကောင်း၊ ရေကြီးရေလျှံမှုများဖြစ်ပွား၍ ကမ်းပြိုမှုကြောင့်လည်းကောင်း ပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများကို သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

  • ဩဂုတ်လ ၁၀ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မြိတ်မြို့နယ်၊ မြိတ်တောင်ရပ်ကွက်၌ မိုးသည်းထန်စွာ ရွာသွန်း၍ မြေပြိုမှုကြောင့် နေအိမ်ပြိုကျပျက်စီးသွားသော အိမ်ထောင်စု ၁ စု အား အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်သိန်း၊ ကယ်ဆယ်ရေး ပစ္စည်း ၁၆ မျိုးနှင့် ဘေးသင့်အိမ်ထောင်စုရှိ လူဦးရေ ၅ ဦးအတွက် တစ်ဦးလျှင် ၇ ရက်စာ ဆန်ရိက္ခာဖိုးငွေ ၁၀,၅၀၀ ကျပ်ကို သွားရောက်ထောက်ပံ့ပေးခဲ့။
  • ဩဂုတ်လ ၁၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော နေအိမ် ၁၈ လုံး လူဦးရေ ၉၆ ဦးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁,၈၀၀,၀၀၀)နှင့် ဆန်ရိက္ခာရန်ပုံငွေ (၂၀၁,၆၀၀) စုစုပေါင်းထောက်ပံ့ငွေ (၂,၀၀၁,၆၀၀)အား သွားရောက်ထောက်ပံ့ပေးခဲ့။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၈-၂၀၂၂)

  • ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်၊ မြိတ်တောင်ရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုကြောင့် နေအိမ်ပြိုကျပျက်စီးသွားသော အိမ်ထောင်စုအားလည်းကောင်း၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကမ်းပြို ဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော နေအိမ် ၁၈ လုံးအတွက်လည်းကောင်း ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို သွားရောက်ထောက်ပံ့ပေးခဲ့။

Add new comment