မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော် အတွင်း၌ မုစလိန္ဒအိုင်တွင် ကျည်းပင်စိုက်ပျိုးပူဇော်ခြင်းနှင့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတော် ဓမ္မစေတီတော်များ စတင်စိုက်ထူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ မုစလိန္ဒအိုင်တွင် ကျည်းပင်စိုက်ပျိုးပူဇော်ခြင်းနှင့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတော် ဓမ္မစေတီတော်များ စတင်စိုက်ထူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဩဂုတ်လ ၁၁ ရက်တွင် ကျင်းပ ပြုလုပ်ရာ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော်နှင့် တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက်ဆရာတော်တို့ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြပါသည်။

အဆိုပါ မဟာမင်္ဂလာအခမ်းအနားသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။

ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ကျည်းပင်စိုက်ပျိုးမည့်နေရာတွင် ကျောက်မျက်ရတနာများ ထည့်သွင်းပူဇော်ကာ မင်္ဂလာအချိန်ရောက်ရှိချိန်တွင် ကျည်းပင်ကို မင်္ဂလာဖဲကြိုးဆွဲ၍ စိုက်ပျိုး ပူဇော်ပြီးနောက် အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူကြသည့် ဆရာတော်ကြီးများနှင့်အတူ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတော်များကို မင်္ဂလာရွှေကြိုးဆွဲ၍ စတင်တည်ထား ပူဇော်ခဲ့ကြပါသည်။

ထို့နောက် တာဝန်ရှိသူများက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန်အတွက် စကျင်ကျောက်တော်ကြီးများ တူးဖော်ခဲ့မှုနှင့် အဆင့်ဆင့်သယ်ယူခဲ့ရမှုအခြေအနေများ၊ စကျင်ကျောက်တော်ကြီးများကို ခေတ်မီစက်ကိရိယာများအသုံးပြု၍ ထုဆစ်ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း သာသနိကအဆောက်အဦများ ဆောက်လုပ်နေမှုနှင့် အဆင့်ဆင့်တိုးတက်လာမှုအခြေအနေများ၊ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာတော်များကို ဆရာတော်ကြီးများ၏ လမ်းညွှန်ဩဝါဒများခံယူ၍ စကျင်ကျောက်တော် များ၌ ခေတ်မီစက်ကိရိယာများအသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးပူဇော်သွားမည့်အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ရေး ဆောင်ရွက်ခဲ့သည်များနှင့်ပတ်သက်၍ ပြောကြားရာတွင်-

  • ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် ထုဆစ်ပူဇော်မည့် စကျင်ကျောက်တော်ကြီးကို Shwe Foundation ၏ မေတ္တာရပ်ခံချက်အရ မိမိဦးဆောင်သည့် ခုနစ်ရက်သားသမီး ဘုရားဒါယကာ၊ ဒါယိကာမတို့က သီတဂူဆရာတော်ဘုရားကြီး၊ ရွှေသုဝဏ်ဆရာတော်ဘုရားကြီးနှင့် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးတို့၏ သြဝါဒများနှင့်အညီ ခေတ်မီနည်းစနစ်များဖြင့် ထုဆစ်ပူဇော်နိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
  • စကျင်ကျောက်တော်ကြီးတည်ရှိရာ မတ္တရာမြို့နယ်၊ စကျင်တောင်မှမြောင်မြစ်အထိ တူးမြောင်းဖောက်လုပ်ကာ Barge ရေယာဉ်ပေါ်သို့ တင်ဆောင်နိုင်ရေး လုပ်ဆောင်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း မြင်းခြံမြို့နယ်ရှိ ဆီမီးခုံဆိပ်ကမ်းသို့ ပထမအဆင့် ပင့်ဆောင်ပူဇော်ရကြောင်း၊ ဆီမီးခုံဆိပ်ကမ်းတွင် အလေးချိန်လျှော့ချခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး ယင်းမှတစ်ဆင့် မန္တလေး-ရန်ကုန် အမြန်လမ်းအတိုင်း Modular Trailer များဖြင့် နေပြည်တော်သို့ အခက်အခဲများကြားမှ ဆက်လက်ပင့်ဆောင်ခဲ့ရခြင်းဖြစ်ပါကြောင်း။
  • ထိုသို့ ကျောက်တုံးတော်ကြီးများ သယ်ယူခဲ့ခြင်းသည် ရေလမ်းအရ ကမ္ဘာပေါ်တွင် အဝေးဆုံးသယ်ဆောင်ခြင်း၊ ကုန်းလမ်းအရ အဝေးဆုံးသယ်ဆောင်ခြင်း မှတ်တမ်းဝင်ခဲ့ပါကြောင်း၊ ယခုဆင်းတုတော်ကြီး တည်ထားကိုးကွယ်ပြီးစီးပါက မြန်မာတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ်သည့် ဆင်းတုတော်ကြီးများအနက် အကြီးဆုံး၊ ဉာဏ်တော်အမြင့်မားဆုံး ဆင်းတုတော်ကြီးဖြစ်လာမည်ဖြစ်ပါကြောင်း။
  • ဆဋ္ဌသင်္ဂါယနာတင်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးကဲ့သို့သော သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ ကျင်းပပြုလုပ်နိုင်သည့် သာသနာ့ဗိမာန်တော်ကြီးတစ်ခု ကိုလည်း ထည့်သွင်းတည်ဆောက်လျက်ရှိပြီး သံဃာအပါး ၁၂၀၀ နှင့် လူပရိတ်သတ်များ ဝင်ဆံ့နိုင်မည်ဖြစ်ကြောင်း။
  • မုစလိန္ဒအိုင်ကိုလည်း ဆရာတော်ကြီးများ၏ ဩဝါဒများနှင့်အညီ တည်ဆောက်နေကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်နေချိန်အတွင်း ဘုရားကြီးတည်ထားကိုးကွယ်မှုကို ပြီးစီးအောင်ရည်မှန်းဆောင်ရွက်နေကြောင်း။
  • ဘုရားကြီးတည်ထားကိုးကွယ်မှု အောင်မြင်စွာပြီးစီးရေးအတွက် ကျွမ်းကျင်အင်ဂျင်နီယာများ၊ ခေတ်မီစက်ကိရိယာများဖြင့် နေ့ညမပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် အကြမ်းထည်ပြီးစီးမည်ဟုခန့်မှန်းထားကြောင်း။
  • ဗုဒ္ဓဥယျာဉ်တော်ကြီး တည်ဆောက်ပြီးစီးချိန်တွင် ဂေါပကဆရာတော်ကြီးများ သီတင်းသုံးနေထိုင်နိုင်ရေး ကျောင်းဆောင်တော်များကိုလည်း ထည့်သွင်းတည်ဆောက်သွားမည့်အပြင် ပိဋကတ်သုံးပုံကျမ်းစာအုပ်များ နိုင်ငံတကာကျမ်းစာများကဲ့သို့ အဆင့်မီပုံနှိပ်ဖြန့်ချိထုတ်ဝေနိုင်ရေး အတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း။
  • ကျောက်စာတိုက်များသို့ လာရောက်ကြည်ညိုသူများ လွယ်ကူစွာဖက်ရှုလေ့လာနိုင်ရေး ပိဋကတ်ကျမ်းစာများကို Mobile tablet များတွင် ထည့်သွင်းထားရှိပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ပိဋကတ်ကျမ်းစာများထည့်သွင်းထားသည့် Mobile Tablet များကို ဝယ်ယူပူဇော်လိုပါ ကလည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ပလ္လင်တော်အကြမ်းထည် တည်ဆောက်ပြီးစီးမှု၊ ချောင်းဖြောင့်မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ သုဓမ္မာ ဇရပ်များ တည်ဆောက်ပြီးစီးမှု၊ မုစလိန္ဒအိုင်နှင့် ကျောက်စာရုံများတည်ဆောက်နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၈-၂၀၂၂)

  • ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျည်းပင်စိုက်ပျိုးမည့်နေရာတွင် ကျောက်မျက်ရတနာများ ထည့်သွင်းပူဇော်ကာ ကျည်းပင်ကို မင်္ဂလာဖဲကြိုးဆွဲ၍ စိုက်ပျိုးပူဇော်ပြီးနောက် အခမ်းအနားသို့ ကြွရောက် ချီးမြှင့်တော်မူကြသည့် ဆရာတော်ကြီးများနှင့်အတူ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတော်များကို မင်္ဂလာရွှေကြိုးဆွဲ၍ စတင်တည်ထားပူဇော်ခဲ့ကြ။
  • ကျောက်တုံးတော်ကြီးများ သယ်ယူခဲ့ခြင်းသည် ရေလမ်းအရ ကမ္ဘာပေါ်တွင် အဝေးဆုံးသယ်ဆောင်ခြင်း၊ ကုန်းလမ်းအရ အဝေးဆုံးသယ်ဆောင်ခြင်း မှတ်တမ်းဝင်ခဲ့၊ ယခုဆင်းတုတော်ကြီး တည်ထားကိုးကွယ်ပြီးစီးပါက မြန်မာတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက် တော်ကြီးဖြင့် ထုဆစ်သည့် ဆင်းတုတော် ကြီးများအနက် အကြီးဆုံး၊ ဉာဏ်တော်အမြင့်မားဆုံး ဆင်းတုတော်ကြီးဖြစ်လာမည်ဖြစ်။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်နေချိန်အတွင်း ဘုရားကြီး တည်ထားကိုးကွယ်မှုကို ပြီးစီးအောင်ရည်မှန်းဆောင်ရွက်နေ။
  • ဘုရားကြီးတည်ထားကိုးကွယ်မှု အောင်မြင်စွာပြီးစီးရေးအတွက် ကျွမ်းကျင်အင်ဂျင်နီယာများ၊ ခေတ်မီစက်ကိရိယာများဖြင့် နေ့ညမပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် အကြမ်းထည်ပြီးစီးမည်ဟုခန့်မှန်းထား။

Add new comment