နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ဩဂုတ်လ ၁၀ ရက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်း ခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းမှူး၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။

စေတနာရှင်အလှူရှင်များက လားရှိုးမြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး တိုင်းမှူးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဩဂုတ်လ ၁၀ ရက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များက မိတ္ထီလာမြို့ရှိ နယ်မြေခံရဲတပ်ဖွဲ့ခွဲနှင့် တောင်တွင်းကြီးတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းတို့၌ သွားရောက်တွေ့ဆုံပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး၍ ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၈-၂၀၂၂)

  • စေတနာရှင်အလှူရှင်များက လားရှိုးမြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့
  • အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များက မိတ္ထီလာမြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံပြီး ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့။

Add new comment