ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတတိယနေ့ကို ဩဂုတ်လ ၁၀ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
အစည်အဝေးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များက ဝန်ကြီးဌာနအလိုက် ရည်မှန်းချက်နှင့် ဦးတည်ချက်၊ လုပ်ငန်းတာဝန်၊ လုပ်ငန်းများဆောင်ရွက်နေမှု၊ တိုးတက်မှုနှင့် ရှေ့လုပ်ငန်းစဉ်များကို Powerpoint ဖြင့် ရှင်းလင်းတင်ပြကြရာ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ဝန်ကြီးချုပ်က ကဏ္ဍတစ်ခုချင်းအလိုက် ပြန်လည်သုံးသပ်ဆွေးနွေးရာတွင် -
- ပြန်ကြားရေးလုပ်ငန်းများဆောင်ရွက်ရာ၌ သတင်းများမှန်ကန်ရန်နှင့် မြန်ဆန်ရန် လိုအပ်ကြောင်း၊ သတင်းမှန်များကို ပြည်သူများသိရှိစေရေး အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန်လိုကြောင်း၊
- မြန်မာ့ရိုးရာဂီတနှင့် အနုပညာယဉ်ကျေးမှုများကို ထိန်းသိမ်းရန် ကျင်းပပြုလုပ်မည့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊
- ပြည်သူများ အထွေထွေဗဟုသုတကြွယ်ဝစေရန်အတွက် စာပေများ ဖတ်ရှုနိုင်ရေး တိုက်တွန်းနှိုးဆော်ဆောင်ရွက်ကြစေလိုကြောင်း။
- စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးနှံမျိုးကွဲများ များပြားသည့်အတွက် ရောင်းချမှုနှင့် စီမံခန့်ခွဲမှုများတွင် အခက်အခဲရှိသဖြင့် မျိုးကွဲများနည်းပါးစေရေး တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊
- စိုက်ပျိုးရေးလုပ်ငန်းများကို နည်းစနစ်တကျ စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းများ ကောင်းမွန်တိုးတက်လာမည်ဖြစ်ကြောင်း၊
- တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများကို ဆောင်ရွက်ခြင်းဖြင့် လိုအပ်သည့်စိုက်ပျိုးရေများ လုံလောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊
- စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စက်ယန္တရားများဖြင့် စနစ်တကျဆောင်ရွက်နိုင်ရေး ဧကကွက်များ ဖော်ထုတ်ဆောင်ရွက်ရန်လိုကြောင်း၊
- မွေးမြူရေးလုပ်ငန်းများတွင်လည်း လှောင်မွေးသည့်စနစ်ဖြင့် မွေးမြူမည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊
- ငါးသယံဇာတများ ပြုန်းတီးမှုလျော့နည်းစေရန်အတွက်လည်း တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း။
- သမဝါယမလုပ်ငန်းများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊
- မြစိမ်းရောင်စီမံကိန်းအနေဖြင့်လည်း အောင်မြင်တိုးတက်မှုများရှိကြောင်း၊ သမဝါယမအသင်းများကို အမှန်တစ်ကယ်လုပ်ကိုင်သူများစုပေါင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆက်လက်တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်သွားမည်ဆိုပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း။
- အဆင့်မြင့်ပညာတက္ကသိုလ်များ တက်ရောက်ရာတွင် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များသို့ ကျောင်းသား၊ ကျောင်းသူများ ပိုမိုတက်ရောက်နိုင်ရေး တွန်းအားပေးဆောင်ရွက်ကြရန်လိုကြောင်း၊
- စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း။
- ဝန်ထမ်းများအနေဖြင့် ပင်စင်ယူချိန်တွင် နေထိုင်ရန်အိမ်ရာများရှိရန်နှင့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများရရှိရန် လိုအပ်သကဲ့သို့ ပြည်သူများအတွက်လည်း တန်ဖိုးသင့်အိမ်ရာများရရှိရန် လိုအပ်သဖြင့် ရေရှည်အတွက်စဉ်းစား၍ ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း။
- တိုင်းရင်းသားများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းဆောင်ရွက်ရန်လိုသကဲ့သို့ မြန်မာစာပေ၊ မြန်မာစကားနှင့် မြန်မာ့ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးရာတွင်-
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ချိန်ကာလအတွင်း အကြမ်းဖက်သမားများ၏ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် လုံခြုံရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေး၊ ပညာရေးနှင့်ကျန်းမာရေး ဆိုင်ရာဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများ၊ သံဃာတော် များနှင့် သီလရှင်များ ထိခိုက်သေဆုံးခဲ့ရမှုအခြေအနေများ၊
- တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်မှု၊
- ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်မှု၊
- တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်အတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရန် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရေး၊
- ဦးတည်ချက်(၅)ရပ်ပါ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံသားဖြစ်ခွင့်ရှိသူအားလုံး နိုင်ငံသားစိစစ်ရေးကတ်များရရှိစေရေးနှင့် နိုင် (၄)၊ ပုံစံ ၆၆/၆ စာရင်းဇယားများ ကွန်ပျူတာတွင်ထည့်သွင်းမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိရာ အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရေး ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင်-
- အစိုးရတစ်ရပ်သည် ပြည်သူလူထုနှင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းရာတွင် နိုင်ငံ၏စီးပွားရေးခိုင်မာရေးကိုလည်း တည်ဆောက်ရမည်ဖြစ်ကြောင်း။
- မိမိတို့အနေဖြင့် နိုင်ငံရေးအခင်းအကျင်းကို ပုံမှန်အတိုင်းပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယခုလာမည့် ၆ လအတွင်း နိုင်ငံတိုးတက်ရေးကို ဆောင်ရွက်သွားရန်လိုကြောင်း။
- ပညာရေးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအားလုံးကို ပညာသင်ကြားပေးရာတွင် အတန်းအောင်မြင်ရေးထက် အမှန်တစ်ကယ်တတ်မြောက်ရေး သင်ကြားပေးရန်လိုကြောင်း၊ အတန်းအောင်မြင်သော်လည်း စာတတ်မြောက်ခြင်းမရှိသဖြင့် စဉ်းစားတွေးခေါ်မှုများတွင် အားနည်းချက်များဖြစ်ပေါ်ခဲ့ကြောင်း၊
- တက္ကသိုလ်ပညာသင်ကြားရေးတွင် တက္ကသိုလ်မှ သက်ဆိုင်ရာဘာသာရပ်အလိုက် ဘွဲ့ရပြီးချိန်၌ အတတ်ပညာနှင့်ပတ်သက်သည့် လူမှုရေး၊ ကျွမ်းကျင်မှုပညာရပ်များကို အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ လူတစ်ဦးချင်းတတ်မြောက်သည့် ပညာရပ်များကို အသုံးချနိုင်မှုသည် နိုင်ငံတော် အတွက် အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း၊
- ပြည်သူများ၏ ကျန်းမာရေးသည်လည်းအရေးကြီးကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပြည့်ဝစွာထိုးနှံနိုင်ရေးဆောင်ရွက်ပေးရန်လို ကြောင်း၊
- ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရန် ရေစီးရေလာများ ကောင်းမွန်စေရေး ဒေသအလိုက် နှိုးဆော်တိုက်တွန်း၍ လူထုအားဖြင့်ဆောင်ရွက်ကြစေလိုကြောင်း။
- တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းအားထုတ်ပေးကြစေလိုကြောင်း၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၈-၂၀၂၂)
- ပြန်ကြားရေးလုပ်ငန်းများဆောင်ရွက်ရာ၌ သတင်းများမှန်ကန်ရန်နှင့် မြန်ဆန်ရန်လိုအပ်ကြောင်း၊ သတင်းမှန်များကို ပြည်သူများသိရှိစေရေး အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန်လို။
- မြန်မာ့ရိုးရာဂီတနှင့် အနုပညာယဉ်ကျေးမှုများကို ထိန်းသိမ်းရန် ကျင်းပပြုလုပ်မည့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ရန်လို။
- ပြည်သူများ အထွေထွေဗဟုသုတကြွယ်ဝစေရန်အတွက် စာပေများ ဖတ်ရှုနိုင်ရေး တိုက်တွန်းနှိုးဆော်ဆောင်ရွက်ကြစေလို။
- စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးနှံမျိုးကွဲများ များပြားသည့်အတွက် ရောင်းချမှုနှင့် စီမံခန့်ခွဲမှုများတွင် အခက်အခဲရှိသဖြင့် မျိုးကွဲများနည်းပါးစေရေး တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်ကြရန်လို။
- မွေးမြူရေးလုပ်ငန်းများတွင်လည်း လှောင်မွေးသည့်စနစ်ဖြင့် မွေးမြူမည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်။
- စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိ။
- ဝန်ထမ်းများအနေဖြင့် ပင်စင်ယူချိန်တွင် နေထိုင်ရန်အိမ်ရာများရှိရန်နှင့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများရရှိရန် လိုအပ်သကဲ့သို့ ပြည်သူများအတွက်လည်း တန်ဖိုးသင့်အိမ်ရာများရရှိရန် လိုအပ်သဖြင့် ရေရှည်အတွက်စဉ်းစား၍ ဆောင်ရွက်ပေးရ မည်ဖြစ်။
- ပညာရေးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအားလုံးကို ပညာသင်ကြားပေးရာတွင် အတန်းအောင်မြင်ရေးထက် အမှန်တစ်ကယ်တတ်မြောက်ရေး သင်ကြားပေးရန်လိုကြောင်း၊ အတန်းအောင်မြင်သော်လည်း စာတတ်မြောက်ခြင်း မရှိသဖြင့် စဉ်းစားတွေးခေါ်မှုများတွင် အားနည်းချက်များဖြစ်ပေါ်ခဲ့။
- တက္ကသိုလ်ပညာသင်ကြားရေးတွင် တက္ကသိုလ်မှ သက်ဆိုင်ရာဘာသာရပ်အလိုက် ဘွဲ့ရပြီးချိန်၌ အတတ်ပညာနှင့်ပတ်သက်သည့် လူမှုရေး၊ ကျွမ်းကျင်မှုပညာရပ်များကို အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ လူတစ်ဦးချင်းတတ်မြောက်သည့် ပညာရပ်များကို အသုံးချနိုင်မှုသည် နိုင်ငံတော် အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်။
Add new comment