PDF အကြမ်းဖက်သမားများက ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများကြောင့် ယာယီပြောင်းရွှေ့ပြည်သူများအား ဆန်၊ ဆီနှင့် အသုံးဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PDF အကြမ်းဖက်သမားများက ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ ခေမာသီဝံကျောင်းတိုက်သို့ ယာယီပြောင်းရွှေ့ရောက်ရှိလာသည့် အိမ်ထောင်စု ၇၂ စုတို့ အတွက် ဆန်၊ ဆီနှင့် အသုံးဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းကို ဩဂုတ်လ ၉ ရက်တွင် အဆိုပါကျောင်းတိုက်ရှိသော ဓမ္မာရုံ၌ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယာယီပြောင်းရွှေ့ရောက်ရှိလာသော ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

နယ်မြေခံဆေးတပ်ရင်းမှ တပ်မတော်ဆေးအဖွဲ့များက ယာယီပြောင်းရွှေ့ရောက် ရှိလာသည့် ပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PDF အကြမ်းဖက်သမားများသည် ငါနှင့်မတူ ငါ့ရန်သူ အယူအဆဖြင့် ၎င်းတို့ကို မထောက်ခံသည့် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ ဆက်ကြေးမပေးသည့် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းနှင့် တရားဥပဒေမဲ့အကြမ်းဖက်လုပ်ဆောင်ခြင်းများကြောင့် တည်ငြိမ် အေးချမ်းမှုလိုလားသည့် ပြည်သူများက မိမိတို့ကျေးရွာများကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့ ဒုက္ခရောက်နေသူများကိုလည်း ထောက်ပံ့မှုများ အဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၈-၂၀၂၂)

  • အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PDF အကြမ်းဖက်သမားများက ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ ခေမာသီဝံကျောင်းတိုက်သို့ ယာယီပြောင်းရွှေ့ရောက်ရှိ လာသည့် အိမ်ထောင်စု ၇၂ စု တို့အတွက် ဆန်၊ ဆီနှင့် အသုံးဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့။

Add new comment