ရန်ကုန်တိုင်းဒေသကြီးသို့ ဧပြီလမှ ဇူလိုင်လကုန်အထိ လေးလတာကာလအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၂၀,၀၀၀ ကျော်လာရောက်

ရန်ကုန်တိုင်းဒေသကြီးသို့ ဧပြီလမှ ဇူလိုင်လကုန်အထိ လေးလတာကာလအတွင်း နိုင်ငံပေါင်း ၆၄ နိုင်ငံမှ နိုင်ငံခြားခရီးသွားဧည့်သည် ၂၀,၀၀၀ ကျော်ဝင်ရောက်ခဲ့ပါသည်။ အဆိုပါနိုင်ငံခြားခရီးသွားဧည့်သည်များသည် Business Visa ဖြင့် လာရောက်သူ ၁၂,၉၄၄ ဦး၊ သံတမန်နှင့် Official Visa ဖြင့် လာရောက်သူ ၉၆၂ ဦး၊ Visa ဖြင့် လာရောက်သူ ၅,၉၂၈ ဦးနှင့် Tourist Visa ဖြင့် လာရောက်သူ ၂,၄၀၇ ဦး စုစုပေါင်း ၂၂,၂၄၁ ဦးတို့ဖြစ်ပါသည်။ နိုင်ငံခြားခရီးသွားဧည့်သည်လာရောက်မှုအနေဖြင့် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ အများဆုံးဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာလေကြောင်းလိုင်းများကို ဧပြီလ ၁၇ ရက်မှစ၍ ပြန်လည်ဆင်းသက်ခွင့်ပြုခဲ့ပြီး ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်းတွင် အိမ်နီးချင်းနိုင်ငံများနှင့် ဟန်ချက်ညီညီဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ e-Visa (Tourist) အမျိုးအစားလျှောက်ထားခြင်းကို မေလ ၂၀ ရက်တွင် တိုးမြှင့်ခွင့်ပြုခဲ့သည့်အပြင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ၊ လုပ်ငန်းရှင်များ အဆင်ပြေ ချောမွေ့စွာ လာရောက်နိုင်ရန် Online-Visa (Business) လျှောက်ထားမှုကို ဧပြီလ ၁ ရက်မှစ၍ ပြန်လည်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၈-၂၀၂၂)

  • ရန်ကုန်တိုင်းဒေသကြီးသို့ လေးလတာကာလအတွင်း နိုင်ငံပေါင်း ၆၄ နိုင်ငံမှ နိုင်ငံခြားခရီးသွားဧည့်သည် ၂၀,၀၀၀ ကျော်ဝင်ရောက်ခဲ့ပြီး တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ အများဆုံးဖြစ်။
  • မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာလေကြောင်းလိုင်းများကို ဧပြီလ ၁၇ ရက်မှ စ၍လည်းကောင်း၊ e-Visa (Tourist) အမျိုးအစားလျှောက်ထားခြင်းကို မေလ ၂၀ ရက်တွင်လည်းကောင်း၊ Online-Visa (Business) လျှောက်ထားမှုကို ဧပြီလ ၁ ရက်မှစ၍လည်းကောင်း ပြန်လည်ခွင့်ပြု ဆောင်ရွက်ခဲ့။

Add new comment