နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးပို့သော သဝဏ်လွှာကောက်နုတ်ချက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ်၊  ဇန်နဝါရီလ ၂ ရက်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးပို့သောသဝဏ်လွှာကောက်နုတ်ချက်မှာ-

· မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် ဓလေ့ထုံးတမ်းများ မတူကွဲပြားကြသော် လည်း တိုင်းရင်းသားလူမျိုးများ အားလုံးမိသားစုစိတ်ဓာတ် များမွေးမြူပြီး တစ်ဦးအပေါ်တစ်ဦး တန်ဖိုးထားလေးစား၍ အတူတကွ နေထိုင်လာခဲ့ကြကြောင်း။

· မွေးဖွားရာဇာတိ၊ နေထိုင်ရာအရပ်ဒေသ၊ ပြောဆိုသုံးနှုန်းသည့် စာပေ၊ စကား၊ ကိုးကွယ်ယုံကြည်သည့် ဘာသာ၊ လိုက်နာကျင့်သုံးသည့် ဓလေ့ထုံးတမ်းအစဉ်အလာများ  မည်သို့ပင်ကွဲပြားစေကာမူ တစ်မြေတည်းနေ၊ တစ်ရေ တည်းသောက်ပြီး အေးအတူပူအမျှ၊ မရှိအတူရှိအတူ စည်း လုံးညီညာခဲ့ကြကြောင်း။

· ကရင်တိုင်းရင်းသားများ၏ ဖြစ်တည်မှုသမိုင်းကြောင်း ရှည် လျားမှုနှင့်အညီ ရှေးဘိုးဘွား ဘီဘင်လက်ထက်ကတည်းက ရှိခဲ့သော ကောင်းမြတ်သည့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများနှင့်အတူ ယဉ်ကျေးမှုသမိုင်းအမွေအနှစ်ကောင်းများကိုလည်း ပိုင်ဆိုင်ထားကြကြောင်း။

· ကရင်ပြည်နယ်သည် နယ်စပ်ကုန်သွယ်ရေး၏ အချက် အချာဒေသတစ်ခု၊ မပျက်စီးသေးသည့် သဘာဝအလှတရား များတည်ရှိနေသည့် ဒေသတစ်ခုဖြစ်သည့်အပြင် သဘာဝ သယံဇာတပေါကြွယ်ဝပြီး အဖိုးတန်သစ်တောများလည်း ရှိနေသည့်အတွက် ရာသီဥတုသမမျှတပြီး စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းသည့် ပြည်နယ်တစ်ခု ဖြစ်ကြောင်း။

· ကရင်ပြည်နယ်၏ အထင်ကရသင်္ကေတသည် သံလွင်မြစ်ဖြစ်သလို ကရင်တိုင်းရင်းသားတို့၏ ကိုယ်စားပြုယဉ်ကျေး မှုသင်္ကေတသည် ဖားစည်ဖြစ်ကြောင်း။

· နှစ်သစ်ကူးပွဲ၊ အိမ်သစ်တက်ပွဲ၊ ကောက်သစ်စားပွဲ၊ လိပ်ပြာခေါ်ပွဲ စသည့် ဘာသာရေးဆိုင်ရာ ရိုးရာဓလေ့ပွဲတော်များရှိပြီး ကရင်ဒုံးယိမ်းအကသည် မြူးကြွ၍ လူကြိုက်များသည့်အကတစ်မျိုးဖြစ်၍ ထိုကဲ့သို့သော ယဉ်ကျေးမှုအမွေများသည် ကရင်တိုင်းရင်းသားများအတွက် တန်ဖိုးမဖြတ်နိုင်သည့်အရာများပင်ဖြစ်ကြောင်း။

· ကရင်တိုင်းရင်းသားများ ဘိုးဘွားဘီဘင် အစဉ်အဆက် ထိန်းသိမ်းလာခဲ့ကြသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊   အနုပညာ၊ ရိုးရာဓလေ့ထုံးတမ်း၊ သမိုင်းအမွေအနှစ်များ၊ လက်ဆင့်ကမ်းထိန်းသိမ်းလာကြသည့် ရိုးသားမှု၊ ကြိုးစားမှု၊ သစ္စာရှိမှု၊ တိကျပြတ်သားစွာ ဆောင်ရွက်တတ်မှုများကို နောင်အနာဂတ်တိုင်းရင်းသားလူငယ်များကလည်း ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

· နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးအနေဖြင့် မိမိ တို့၏ ကောင်းမြတ်သော အစဉ်အလာများကို အစဉ်အမြဲထိန်းသိမ်းစောင့်ရှောက်သွားမည်ဆိုပါက ပြည်ထောင်စုကြီး အရှည်တည်တံ့ခိုင်မြဲနေမည်ဖြစ်ကြောင်း။

· ကရင်တိုင်းရင်းသားတို့၏ တိုင်းပြည်အပေါ်ထားရှိသည့် ကောင်းမွန်သော စိတ်ထားများကြောင့် ငြိမ်းချမ်းရေးအသီး အပွင့်ကို လက်တွေ့သိရှိခံစားနေရပြီး ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း ထိတွေ့ခံစားနေရပြီ ဖြစ်ကြောင်း။

· ထိုရရှိပြီးသော ရလဒ်ကောင်းများကို ပိုမိုတိုးတက်ဖြစ်ထွန်း အောင် ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးအမွေကို သားစဉ်မြေးဆက်ခံစားနိုင်အောင် ထိန်းသိမ်းစောင့်ရှောက်သွားကြ ရန်မှာ ကရင်တိုင်းရင်းသားတို့၏ သမိုင်းပေးတာဝန်ပင်ဖြစ် ကြောင်း။

· ကရင်တိုင်းရင်းသားများအနေဖြင့်လည်း ပညာနှင့်ယှဉ်သော သတ္တိ၊ မေတ္တာနှင့်ယှဉ်သော ရဲရင့်ခြင်းများသည် ထားရှိအပ် သောမွန်မြတ်သည့် စိတ်ဓာတ်များဖြစ်သည်ဟု ရှုမြင်ကာ ပိုမိုကောင်းမွန်သောနှစ်သစ်ကို လက်တွဲပူးပေါင်းဖော်ဆောင် ကြရန် အလေးအနက်ဖိတ်ခေါ်လိုကြောင်း။

· နိုင်ငံတော်ကို စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ် ခိုင်မာအားကောင်းလာစေရေးအတွက် အဓိကအခြေ ခံရမည့်အချက်မှာ ဒို့တာဝန်အရေး(၃)ပါးဖြစ်ပြီး တိုင်းရင်း သားပြည်သူအားလုံး၏ စည်းလုံးညီညွတ်သော စုပေါင်းအင်အားဖြင့် နိုင်ငံတော်ကို ဆက်လက်တည်ဆောက်သွား ကြရန် တိုက်တွန်းလိုကြောင်း။

· ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး အေးချမ်း သာယာဝပြောရေးတို့အတွက် အဓိကလိုအပ်ချက်မှာ ပြည် ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာရေးနှင့် နိုင်ငံအတွင်း ထာဝရငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း။

· မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး လက်မှတ်ရေးထိုးလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူ၊ သက်ဆိုင်သူအားလုံးက မှန်ကန်သော စိတ်ရင်းစေတနာ၊ ပြင်းပြသောဆန္ဒတို့ဖြင့် တက်ညီလက်ညီစုပေါင်း အကောင်အထည်ဖော်ကြရန် လိုအပ်ကြောင်း။

ကရင်နှစ်သစ်ကူးနေ့တွင် ကရင်တိုင်းရင်းသား ညီအစ် ကိုမောင်နှမများအားလုံး ကောင်းကျိုးလိုအင်ဆန္ဒများဖြင့် ပြည့်ဝ ကြလျက် သာယာကောင်းမွန်သောနှစ်သစ်ကို မွန်မြတ်သောစိတ်ဓာတ်ဖြင့်ကြိုဆို၍ နှစ်သစ်ကူးပွဲတော်ကို တပျော်တပါးဆင်နွှဲရင်း ကရင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ ပိုမိုရရှိပါစေကြောင်း သဝဏ်လွှာပေးပို့အပ်ခဲ့ပါသည်။

  • ကရင်တိုင်းရင်းသားများ ဘိုးဘွားဘီဘင်အစဉ်အဆက် ထိန်းသိမ်းလာခဲ့ကြသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့ထုံးတမ်း၊ သမိုင်းအမွေအနှစ်များ၊ လက်ဆင့်ကမ်းထိန်းသိမ်းလာကြသည့် ရိုးသားမှု၊ ကြိုးစားမှု၊ သစ္စာရှိမှု၊ တိကျပြတ်သားစွာ ဆောင်ရွက်တတ်မှုများကို နောင်အနာဂတ်တိုင်းရင်းသားလူငယ်များ ကလည်း ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရန်။
  • နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးအနေဖြင့် မိမိတို့၏ကောင်းမြတ်သော အစဉ်အလာများကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်သွားမည်ဆိုပါက ပြည်ထောင်စုကြီး အရှည်တည်တံ့ခိုင်မြဲနေမည်ဖြစ်ကြောင်း။
  • ကရင်တိုင်းရင်းသားတို့၏ တိုင်းပြည်အပေါ်ထားရှိသည့် ကောင်းမွန်သော စိတ်ထားများကြောင့် ငြိမ်းချမ်းရေး အသီး အပွင့်ကို လက်တွေ့သိရှိခံစားနေရပြီး ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း ထိတွေ့ခံစားနေရပြီ ဖြစ်ကြောင်း
  • ကရင်တိုင်းရင်းသားများအနေဖြင့်လည်း ပညာနှင့်ယှဉ်သောသတ္တိ၊ မေတ္တာနှင့်ယှဉ်သော ရဲရင့်ခြင်းများသည် ထားရှိ အပ်သောမွန်မြတ်သည့် စိတ်ဓာတ်များဖြစ်သည်ဟု ရှုမြင်ကာ ပိုမိုကောင်းမွန်သောနှစ်သစ်ကို လက်တွဲ ပူးပေါင်း ဖော်ဆောင်ကြရန် အလေးအနက်ဖိတ်ခေါ်လိုကြောင်း။
  • ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး အေးချမ်းသာယာ ဝပြောရေးတို့အတွက် အဓိကလိုအပ်ချက်မှာ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာရေးနှင့် နိုင်ငံအတွင်း ထာဝရငြိမ်းချမ်း ရေးပင်ဖြစ်ကြောင်း။
  • မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး လက်မှတ်ရေးထိုးလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူ၊ သက်ဆိုင်သူအားလုံးက မှန်ကန်သော စိတ်ရင်းစေတနာ၊ ပြင်းပြသောဆန္ဒတို့ဖြင့် တက်ညီလက်ညီစုပေါင်း အကောင်အထည်ဖော်ကြရန် လိုအပ်ကြောင်း။