ရပ်စောက်မြို့နှင့် တာချီလိတ်မြို့အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ပင်းတယမြို့နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တို့၌ ဩဂုတ်လ ၇ ရက် ညနေပိုင်းတွင် မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်စောက်မြို့ရှိ ဇော်ဂျီချောင်းနှင့် တာချီလိတ်မြို့တွင်းနေရာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

ရေကြီးရေလျှံမှုဖြစ်ပွားသောနေရာများ၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် နယ်မြေခံတပ်မတော်သားများက ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးပြီး ရေဘေးသင့်ပြည်သူများအား မြို့နယ်အားကစားခန်းမသို့ ကူညီ ရွှေ့ပြောင်းပေးခြင်း၊ လူသွားလမ်းများပေါ်တွင် ပြိုကျနေသောမြေသားများနှင့် ပိတ်ဆို့နေသောအတားအဆီးများကို စက်ယန္တရားများအကူအညီဖြင့် အချိန်မီဖယ်ရှားပေးခြင်းနှင့် အရေးပေါ်ရွှေ့ပြောင်းကယ်ဆယ်နိုင်ရေးအတွက် အသက်ကယ်လှေများ အရန်အသင့် စောင့်ဆိုင်းခြင်းများ ဆောင်ရွက်ပေးခဲ့ ပါသည်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများက ရပ်စောက်မြို့ရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၃၄၃ စုတို့အတွက် စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၈-၂၀၂၂)

  • ရေကြီးရေလျှံမှုဖြစ်ပွားသောနေရာများ၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် နယ်မြေခံတပ်မတော်သားများက ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးပြီး ရေဘေးသင့်ပြည်သူများအား မြို့နယ်အားကစား ခန်းမသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ လူသွားလမ်းများပေါ်တွင် ပြိုကျနေသောမြေသားများနှင့် ပိတ်ဆို့နေသောအတားအဆီးများကို စက်ယန္တရားများအကူအညီဖြင့် အချိန်မီဖယ်ရှားပေးခြင်းနှင့် အရေးပေါ်ရွှေ့ပြောင်းကယ်ဆယ်နိုင်ရေးအတွက် အသက်ကယ်လှေများ အရန်အသင့် စောင့်ဆိုင်းခြင်းများ ဆောင်ရွက်ပေးခဲ့။
  • သက်ဆိုင်ရာတာဝန်ရှိသူများက ရပ်စောက်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၃၄၃ စုတို့အတွက် စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့။

Add new comment