နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပန်းခင်းစီမံချက်အား ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၎င်းစီမံချက်မှ မဲဆန္ဒရှင် ၃.၈ သန်းကျော်ကို နိုင်ငံသားစိစစ်ရေးကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် “ပန်းခင်း” စီမံချက်ဖြင့် ၃-၅-၂၀၂၁ ရက်မှ ၃၁-၇-၂၀၂၂ ရက်အထိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးပြီးစီးမှု အခြေအနေများမှာ-
မွေးရာပါနိုင်ငံသားများအား ဆောင်ရွက်ပြီးစီးမှု |
|||||
အိမ်ထောင်စုလူဦးရေစာရင်း |
ကိုင်ဆောင်လက်မှတ် |
||||
တရားဝင် အထစ |
M အထစ |
ပေါင်း |
နိုင် ၃ (က) |
နိုင် ၆(က) |
ပေါင်း |
၃၉၃,၃၄၁ |
၂၂,၇၈၆ |
၄၁၆,၁၂၇ |
၆၀၅,၉၈၂ |
၂,၆၅၁,၀၅၅ |
၃,၂၅၇,၀၃၇ |
ဥပဒေအရနိုင်ငံသားများအား ဆောင်ရွက်ပြီးစီးမှု |
||||||
ကိုင်ဆောင်လက်မှတ် |
||||||
၁၀ နှစ်ပြည့် |
၁၈ နှစ်ပြည့် |
ပေါင်း |
||||
နိုင် ၃(က) |
ဧည့် ၈(က) |
ပြု ၁၀(က) |
နိုင် ၆(က) |
ဧည့် ၄(က) |
ပြု ၆(က) |
|
၁၃,၈၃၄ |
၁၇ |
၃၁၅ |
၆၆,၃၂၄ |
၉၁ |
၂,၅၁၂ |
၈၃,၀၉၃ |
မှတ်ချက်။ နိုင်၃(က)၊ ဧည့်၈(က)၊ ပြု၁၀(က)= ၁၀နှစ်ပြည့်နိုင်/ဧည့်/ပြု
နိုင်၆(က)၊ ဧည့်၄(က)၊ ပြု၆(က) =၁၈နှစ်ပြည့်နိုင်/ဧည့်/ပြု
တရားဝင် အထစ = တရားဝင် အိမ်ထောင်စုစာရင်း
M အထစ = ရွှေ့ပြောင်း အိမ်ထောင်စုလူဦးရေစာရင်း
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် “ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းကတ်ပြားစုစုပေါင်း ၄၂၁,၆၁၄ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (ကိုင် ဆောင်လက်မှတ်) စုစုပေါင်း ၃,၃၄၀,၁၃၀ ခုထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်၊၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ “ပန်းခင်း” စီမံချက် အောင်မြင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တိုင်းဒေသကြီး/ပြည်နယ်များရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်၍ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၈-၂၀၂၂)
- တိုင်းဒေသကြီး/ပြည်နယ်များအလိုက် “ပန်းခင်း” စီမံချက်ဖြင့် ၃-၅-၂၀၂၁ ရက်မှ ၃၁-၇-၂၀၂၂ ရက်အထိ အိမ်ထောင်စုလူဦးရေစာရင်းကတ်ပြားစုစုပေါင်း ၄၂၁,၆၁၄ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (ကိုင်ဆောင်လက်မှတ်) စုစုပေါင်း ၃,၃၄၀,၁၃၀ ခု ထုတ်ပေးခဲ့ပြီးဖြစ်။
Add new comment