ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း အောက်ပါအတိုင်းဖမ်းဆီးရမိခဲ့ပါသည်-
- ဇူလိုင်လ ၁ ရက်မှ ၃၁ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်း ၁၃၂.၄၂၇ ကီလို၊ ဘိန်းဖြူ ၂၀၀.၉၉၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅,၉၀၆,၃၄၂ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေ ၀.၀၁၂ ကီလို၊ အိုက်စ် ၁,၂၆၀.၅၈၃ ကီလို၊ ဆေးခြောက် ၁၃၂.၀၇၀ ကီလို၊ ဘိန်းဆီခဲ ၄ ကီလို၊ အဆင့်နိမ့်ဘိန်း ၀.၄၆၅ ကီလို၊ ဘိန်းစာရွက် ၆၆.၄၂၃ ကီလို၊ ဘိန်းစာမှုန့် ၃၅၅.၉၈ ကီလို၊ ဘိန်းစာရည် ၈.၂၅ လီတာ၊ အက်တက်စီဆေးပြား ၄,၄၈၆ ပြား၊ အက်တက်စီဆေးပြားအကြေ ၀.၀၈ ကီလို၊ ကတ်တမင်း ၁.၂၃၁ ကီလို၊ Happy Water ၁.၄၀၄ ကီလို၊ ကဖင်း ၁,၅၀၀ ကီလို၊ Sodium Acetate ၇,၁၇၅ ကီလို၊ အမိုနီယမ်နိုက်ထရိတ် ၁၁၂,၇၄၀ ကီလို၊ အရိုးမီးသွေး ၄၀၀ ကီလို၊ Sodium Chloride ၃၈၀ ကီလို၊ Sodium Carbonate ၆,၇၅၀ ကီလို၊ Potassium Sulfate ၂,၄၀၀ ကီလို၊ Copper Sulfate ၂,၀၀၀ ကီလို၊ Theophylline ၁၄,၅၀၀ ကီလိုနှင့် ဆက်စပ်ကိရိယာ(မိုလ်) ၆၀ ချောင်း စုစုပေါင်းတန်ဖိုးငွေကျပ် သန်းပေါင်း ၆၄,၆၄၃.၄၅၅ (US$ ၃၄ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံအမျိုးသား ၇၇၈ ဦး၊ အမျိုးသမီး ၁၃၃ ဦး၊ စုစုပေါင်းတရားခံ ၉၁၁ ဦး ဖမ်းဆီးရမိခဲ့ပါသည်။
အထက်ပါဖမ်းဆီးရမိသည့် တရားခံများအား သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်းပေးခဲ့ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့များပူးပေါင်း၍ မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ဆက်လက်ဖော်ထုတ် ဖမ်းဆီးလျက်ရှိပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၈-၂၀၂၂)
- ဇူလိုင်လအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ် သန်းပေါင်း ၆၄,၆၄၃.၄၅၅ (US$ ၃၄ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ တရားခံ ၉၁၁ ဦးအား ဖမ်းဆီးရမိခဲ့။
Add new comment