ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လမ်းညွှန်မှာကြားချက်များ

ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၈ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်များမှာ-

  • ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် လွဲမှားနေသည့်မဲစာရင်းများကို ပြန်လည်ရှင်းလင်းပြီးမှ လွှတ်တော်ခေါ်ယူရန်အတွက် ပြောကြားခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိဘဲ လွှတ်တော်ခေါ်ယူခဲ့ခြင်းကြောင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တာဝန်စတင်ယူချိန်မှစ၍ မဲစာရင်းပြန်လည်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး မဲမသမာမှုဖြစ်အောင် ပြုလုပ်ရာတွင်ပါဝင်ခဲ့သည့် တာဝန်ရှိသူများကို ထိုက်သင့်သည့်အရေးယူမှုများ ပြုလုပ်ခဲ့။
  • ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်မပြည့်ဘဲ မဲပေးခဲ့သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ရာ အချို့တည်ငြိမ်မှုမရှိသည့် ဒေသများမှလွဲ၍ ကျန်ရှိသည့်ဒေသများတွင် ရာနှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်ကာ နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသည့် နိုင်ငံ သားများကိုလည်း နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ။
  • နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးရာတွင် တိုင်းရင်းသားအားလုံး၊ နိုင်ငံသားဖြစ်ခွင့်ရှိသူများအားလုံး ရရှိအောင် ဆောင်ရွက်ပေးရန်အတွက် မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန်ဆောင်ရွက်ပေးရန်လိုသကဲ့သို့ နိုင်ငံသားမဟုတ်သူများကို နိုင်ငံသားစိစစ်ရေးကတ်များ မထုတ်ပေး မိစေရေး တာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင်ရွက်ရန်လို။
  • ရှေ့လုပ်ငန်းစဉ်တွင် ဒုတိယအချက်သည် ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ကျဆင်းသွားသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်တိုးတက်အောင်ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းများကို ဆောင်ရွက်ခြင်းဖြစ်၊ မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားမှုနှုန်းမှာ ၀ ဒသမ ၃ ရာခိုင်နှုန်း ခန့်သာရှိပြီး အိမ်နီးချင်းနိုင်ငံများထက် လျော့နည်းလျက်ရှိသော်လည်း ထိုအပေါ်တွင် ကျေနပ်နေ၍မရဘဲ ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်။
  • ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံရန်လိုအပ်ပြီး လူတစ်ဦးအနေဖြင့် ကိုဗစ်ကာကွယ်ဆေးကို အနည်းဆုံး ၄ ကြိမ် ထိုးနှံနိုင်ပါက ကာကွယ်မှုအတွက် ပိုမိုထိရောက်သည်ကို ဆေးပညာရှင်များ၏ ပြောကြားချက်များအရ သိရှိရ။
  • မြန်မာနိုင်ငံတွင် လူဦးရေအားဖြင့် ၅၅ သန်းခန့်ရှိပြီး ၅၀ ရာခိုင်နှုန်းအထက်သည် အလုပ်လုပ်ကိုင်နိုင်ကြသူများဖြစ်၍ သန်းခေါင်စာရင်းအရ နိုင်ငံအတွင်း လုပ်ကိုင်နိုင်သူနှင့် အခွင့်အလမ်းများစွာရှိသည်ကို တွေ့ရှိရ။
  • လက်ရှိအချိန်တွင် အလုပ်လုပ်ကိုင်ဆောင်ရွက်နိုင်သည့် လူသားအရင်းအမြစ်များကို အသုံးချရန်လိုအပ်သကဲ့သို့ နောင်မျိုးဆက်တွင် အလုပ်လုပ်ကိုင်မည့် လူငယ်များ၏ စွမ်းဆောင်ရည်များလည်း တိုးတက်လာရန်လိုအပ်သဖြင့် ပညာရေးတွင် KG + 9 ကိုအားပေးဆောင်ရွက်ခြင်းဖြစ်ပြီး နည်းပညာအရတိုးတက်မှုရှိစေရေး ကောလိပ်များနှင့် တက္ကသိုလ်များတွင် သင်ကြားပေးရမည်ဖြစ်။
  • NLD အစိုးရလက်ထက် ကုန်ထုတ်လုပ်မှုနှင့် ပြည်ပသို့တင်ပို့မှုအခြေအနေများကို စိစစ်ကြည့်ရာ ပြည်ပပို့ကုန်များကျဆင်းခဲ့သည်ကိုတွေ့ရှိရပြီး ၂၀၁၈ ခုနှစ်မှစ၍ မိမိတို့နိုင်ငံ၏ စီးပွားရေးမှာကျဆင်းလာခဲ့၊ ဆန်သည် အဓိကပို့ကုန်ဖြစ်ပြီး ထုတ်လုပ်မှုများ ကောင်းမွန်အောင် ဆောင်ရွက် ရန်လို။
  • လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် စာသင်ကျောင်းများကို  ယခင်နှစ်မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲများကိုလည်း ကျင်းပပေးနိုင်ခဲ့၊ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ပြီး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်း တက်ရောက်နိုင်ရေးအတွက် ယခုအချိန်ကတည်းက အလေးထားဆောင်ရွက်ပေးကြစေလို။
  • ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မူလတန်းအဆင့်အထိ ပညာမသင်မနေရဟု ပြဋ္ဌာန်းထားသော်လည်း မိမိတို့အစိုးရအနေဖြင့် KG + 9 အထိ သင်ကြားနိုင်ရေးနှင့် အခမဲ့သင်ကြားနိုင်ရေး ဆောင်ရွက်ပေးထား။
  • အုပ်ချုပ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ခရိုင်များ ထပ်မံတိုးချဲ့ဖွဲ့စည်းပေးခဲ့၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့သည် နိုင်ငံတော်စွမ်းပကားကို မြှင့်တင်ပေးသည့်ကဏ္ဍများဖြစ်။
  • ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများ တွဲဖက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ရခြင်းသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်ဖြစ်ပြီး ထိုအထဲမှ ထူးချွန်သူများအနေဖြင့် စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံများနှင့် တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်ကြရမည်ဖြစ်။
  • မိမိတို့တွင် နိုင်ငံတော်သာယာဝပြောရေးနှင့် နိုင်ငံတော်စားရေရိက္ခာပေါများရေး အမျိုးသားရေးပန်းတိုင် ၂ ရပ်ရှိရာ ဒုတိယအချက်ဖြစ်သည့် နိုင်ငံတော်စားရေ ရိက္ခာပေါများရေးနှင့်ပတ်သက်ပြီး မိမိတို့လုပ်နိုင်သည့် အချက်များစွာရှိ၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုသည် နိုင်ငံတကာနှင့်ယှဉ်ပါက နည်းနေသေးသဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင် ရွက်သွားရန်လို။
  • ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုကို သေသေချာချာ ထိထိရောက်ရောက် ဆောင်ရွက်မည်ဆိုပါက လာမည့် ၂၀၂၃ ခုနှစ် ဒုတိယရာသီ ဆီထွက်သီးနှံစိုက်ပျိုးပြီးချိန်တွင် ဆီဖူလုံမှုအပြည့်အဝ ရရှိလာနိုင်လိမ့်မည်ဟု မျှော်မှန်းထား။
  • စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ မိုးစပါးစိုက်ဧက ၁၅ သန်းနှင့် နွေစပါး စိုက်ဧက ၃ သန်းခန့်ရှိရာ မိုးစပါးကို တစ်ဧက ၇၅ တင်းခန့် ထွက်မည်ဟု ခန့်မှန်းထားပြီး ပထမအဆင့်အနေဖြင့် မိုးစပါးကို တစ်ဧက ပျမ်းမျှတင်း ၈၀ ခန့် ထွက်ရှိအောင် ဆောင်ရွက်မည်ဆိုပါက စပါးတင်း ၇၅ သန်းခန့်ပိုမိုထွက်ရှိလာမည်ဖြစ်။
  • နွေစပါးကို တစ်ဧက တင်း ၉၀ ခန့်ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ပထမအဆင့် တစ်ဧက ၉၅ တင်းခန့် ထွက်ရှိအောင် ဆောင်ရွက်မည်ဆိုပါက စပါးတင်း ၁၅ သန်းခန့် ပိုမိုထွက်ရှိလာမည်ဖြစ်ကာ နွေးစပါး၊ မိုးစပါးနှစ်ခုပေါင်းပါက စပါးတင်း စုစုပေါင်း ၉၀ သန်းခန့် ပိုမိုလာမည် ဖြစ်သည့်အတွက် နိုင်ငံ့ဝင်ငွေ ပိုမိုရရှိလာမည်ဖြစ်၊ အစိုးရပိုင်းအနေဖြင့် သွင်းအားစုများဖြစ်သည့် မြေဩဇာ၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေများ ရရှိရေးအတွက် မဖြစ်မနေဆောင်ရွက်ပေးရမည်ဖြစ်။
  • မွေးမြူရေးနှင့်ပတ်သက်၍ အသားစားကြက်၊ ဝက် မွေးမြူရေးလုပ်ငန်းများသည် အချိန်တိုအတွင်း ငွေပြန်ပေါ်နိုင်သည့် လုပ်ငန်းများဖြစ်သည့်အတွက် မတည်အရင်းအနှီးများ ကူညီထောက်ပံ့ပေးသွားရမည်ဖြစ်ပြီး ဝန်ကြီးချုပ်များအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ကြရန်လို၊ ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာမည်ဖြစ်။
  • စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံခန့် ပြည်ပမှ ရေနံနှင့် ရေနံထွက်ပစ္စည်းများ တင်သွင်းနေရသဖြင့် ပြည်ပမှတင်သွင်းမှုကို လျှော့ချသွားရန်လို၊ ပြည်တွင်းတွင် အထိုက်အလျောက် ရေနံထွက်ရှိပြီး အချို့ဒေသများရှိ တွင်းတိမ်ရေနံတူးဖော်ထုတ်လုပ် မှုများ စနစ်တကျဖြစ်ရန်လို၊ ရေနံထုတ်လုပ်မှုလုပ်ငန်းများကို တိုင်းပြည်အတွက် အကျိုးရှိအောင် စနစ်တကျကြပ်မတ်ဆောင်ရွက် သွားကြရန်လို။
  • ဒေသအလိုက် လျှပ်စစ်ထုတ်လုပ်နိုင်သည့် လုပ်ငန်းများ၊ စီမံကိန်းများဆောင်ရွက်သွားကြရန်လို၊ လျှပ်စစ်ဓာတ်အားရရှိပါက ဒေသခံများ၏ လူမှုစီးပွားဘဝ အထိုက်အလျောက် တိုးတက်လာမည်ဖြစ်ပြီး တိုင်းပြည်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုလည်း လျှော့ချနိုင်မည်ဖြစ်။
  • ကျန်းမာမှ ပညာရေး၊ စီးပွားရေးနှင့် အခြားကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ မိမိကိုယ်တိုင်ကစပြီး ဂရုတစိုက်ဆောင်ရွက်ကြရန်၊ လက်အောက်အဆင့်ဆင့်ကိုလည်း တွန်းအားပေးကြပ်မတ် ဆောင်ရွက်သွားရန်နှင့်  ဘက်ပေါင်းစုံက စဉ်း စားဆောင်ရွက်သွားကြရန်လို။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသ၏ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို Powerpoint ဖြင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၈-၂၀၂၂)

  • ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်မပြည့်ဘဲ မဲပေးခဲ့သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ရာ အချို့တည်ငြိမ်မှုမရှိသည့်ဒေသများမှလွဲ၍ ကျန်ရှိသည့်ဒေသများတွင် ရာနှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်ကာ နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသည့် နိုင်ငံသား များကိုလည်း နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိ။
  • နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးရာတွင် တိုင်းရင်းသားအားလုံး၊ နိုင်ငံသားဖြစ်ခွင့်ရှိသူများအားလုံးရရှိအောင် ဆောင်ရွက်ပေးရန်အတွက် မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရန်လိုသကဲ့သို့ နိုင်ငံသားမဟုတ်သူများကို နိုင်ငံသားစိစစ်ရေးကတ်များ မထုတ်ပေးမိ စေရေး တာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင်ရွက်ရန်လို။
  • လက်ရှိအချိန်တွင် အလုပ်လုပ်ကိုင်ဆောင်ရွက်နိုင်သည့် လူသားအရင်းအမြစ်များကို အသုံးချရန်လိုအပ်သကဲ့သို့ နောင်မျိုးဆက်တွင် အလုပ်လုပ်ကိုင်မည့် လူငယ်များ၏ စွမ်းဆောင်ရည်များလည်း တိုးတက်လာရန်လိုအပ်သဖြင့် ပညာရေးတွင် KG + 9 ကိုအားပေးဆောင်ရွက်ခြင်း ဖြစ်ပြီး နည်းပညာအရတိုးတက်မှုရှိစေရေး ကောလိပ်များနှင့် တက္ကသိုလ်များတွင် သင်ကြားပေးရမည်ဖြစ်။
  • NLD အစိုးရလက်ထက် ကုန်ထုတ်လုပ်မှုနှင့် ပြည်ပသို့တင်ပို့မှု အခြေအနေများကို စိစစ်ကြည့်ရာ ပြည်ပပို့ကုန်များကျဆင်းခဲ့သည်ကိုတွေ့ရှိရပြီး ၂၀၁၈ ခုနှစ်မှစ၍ မိမိတို့နိုင်ငံ၏ စီးပွားရေးမှာကျဆင်းလာခဲ့။
  • လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် စာသင်ကျောင်းများကို  ယခင်နှစ်မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲများကိုလည်း ကျင်းပပေးနိုင်ခဲ့။
  • ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မူလတန်းအဆင့်အထိ ပညာမသင်မနေရဟု ပြဋ္ဌာန်းထားသော်လည်း မိမိတို့အစိုးရအနေဖြင့် KG + 9 အထိ သင်ကြားနိုင်ရေးနှင့် အခမဲ့သင်ကြားနိုင်ရေး ဆောင်ရွက်ပေးထား။
  • ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုကို သေသေချာချာထိထိရောက်ရောက် ဆောင်ရွက်မည်ဆိုပါက လာမည့် ၂၀၂၃ ခုနှစ် ဒုတိယရာသီ ဆီထွက်သီးနှံစိုက်ပျိုးပြီးချိန်တွင် ဆီဖူလုံမှုအပြည့်အဝ ရရှိလာနိုင်လိမ့်မည်ဟု မျှော်မှန်းထား။
  • ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာမည်ဖြစ်။
  • လျှပ်စစ်ဓာတ်အားရရှိပါက ဒေသခံများ၏ လူမှုစီးပွားဘဝ အထိုက်အလျောက် တိုးတက်လာမည်ဖြစ်ပြီး တိုင်းပြည်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုလည်း လျှော့ချနိုင်မည်ဖြစ်။
  • ကျန်းမာမှ ပညာရေး၊ စီးပွားရေးနှင့် အခြားကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ မိမိကိုယ်တိုင်ကစပြီး ဂရုတစိုက်ဆောင်ရွက်ကြရန်၊ လက်အောက်အဆင့်ဆင့်ကိုလည်း တွန်းအားပေးကြပ်မတ် ဆောင်ရွက်သွားရန်နှင့်  ဘက်ပေါင်းစုံက စဉ်းစားဆောင်ရွက်သွားကြရန်လို။

Add new comment