ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေနှင့်အဖွဲ့ (၂၁) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးနှင့် (၆)ကြိမ်မြောက် အာဆီယံနှင့် အပေါင်းသုံး အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေးတက်ရောက်

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထဲရေးဝန်ကြီး H.E. Pham Thi Thanh Tra ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ဩဂုတ်လ ၃ ရက်မှ ၅ ရက်အထိကျင်းပသည့် (၂၁) ကြိမ် မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများအစည်းအဝေး၊ (၆) ကြိမ်မြောက် အာဆီယံနှင့်အပေါင်းသုံးနိုင်ငံ့ဝန်ထမ်းအဖွဲ့ အစည်းအကြီးအကဲများအစည်းအဝေးနှင့် ကောင်းမွန်သောအုပ်ချုပ်မှုဆိုင်ရာဖိုရမ်တို့သို့ တက်ရောက်ခဲ့ပြီး အစည်းအဝေးများတွင်-

  • အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၏ လုပ်ငန်းစီမံချက် (၂၀၂၁ -၂၀၂၅)  နှင့် အာဆီယံအပေါင်းသုံးနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၏ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) အောက်၌ သက်ဆိုင်ရာ အာဆီယံနိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၏ အခြေအနေအပေါ် ဆွေးနွေးအတည်ပြုခြင်း။
  • အာဆီယံအပေါင်းသုံးနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ခြင်း။
  • အာဆီယံမိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် ဩစတြေးလျနိုင်ငံ Australian Public Service Commission(APSC)နှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ဟနွိုင်းမြို့ရှိ Vietnam Museum of Ethnology သို့ လေ့လာရေးခရီးသွားရောက်ခြင်း၊ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခြင်း၊ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခြင်းများဆောင်ရွက်ခဲ့ပြီး အာဆီယံနိုင်ငံ့ဝန်ထမ်း အကြီးအကဲများသည်လည်း ဗီယက်နမ်နိုင်ငံအစိုးရအဖွဲ့ Deputy Prime Minister H.E. Pham Binh Minh ကို သွားရောက်တွေ့ဆုံဂါရဝပြုခဲ့ပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၇ ရက်တွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၈-၂၀၂၂)

  • ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထဲရေးဝန်ကြီး H.E. Pham Thi Thanh Tra ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ဩဂုတ် ၃ ရက်မှ ၅ ရက်အထိကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများအစည်းအဝေး၊ (၆) ကြိမ်မြောက် အာဆီယံနှင့် အပေါင်းသုံးနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးနှင့် ကောင်းမွန်သောအုပ်ချုပ်မှုဆိုင်ရာဖိုရမ်တို့သို့ တက်ရောက်ခဲ့။

Add new comment