နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၅၅) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့တွင် ပြည်သူသို့ သဝဏ်လွှာပေးပို့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၅၅) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့တွင် ပြည်သူသို့ ပေးပို့သည့်သဝဏ်လွှာပါကောက်နုတ်ချက်များမှာ-

  • ၁၉၉၉ ခုနှစ်တွင် အာဆီယံအသင်းကြီးကို အရှေ့တောင်အာရှဒေသရှိ နိုင်ငံ(၁၀)နိုင်ငံအထိ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး ပြင်ပဆက်ဆံရေးကိုလည်း တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ရာ ယနေ့တွင် အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံ(၁၁)နိုင်ငံ၊ ကဏ္ဍအလိုက် ဆွေးနွေးဖက် နိုင်ငံ(၄)နိုင်ငံ၊ ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံ(၄)နိုင်ငံအထိ ရှိလာပြီဖြစ်။
  • အာဆီယံအနေဖြင့် ၂၀၂၁ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သြစတြေးလျဓနသဟာယနိုင်ငံတို့နှင့် အဓိပ္ပာယ်ပြည့်ဝ၍ နှစ်ဖက်အကျိုးရှိသည့် ဘက်စုံမဟာဗျူဟာမြောက် ဆွေးနွေးဖက်ဆက်ဆံရေးကို ထူထောင်ပြီးဖြစ်။
  • အာဆီယံ၏ အကျိုးစီးပွားနှင့် အမှတ်လက္ခဏာကို မြှင့်တင်နိုင်ရန်နှင့် အာဆီယံ၏ ပြင်ပဆက်ဆံရေးကို ပိုမိုအားကောင်းစေရန်အတွက် တတိယနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၌ အာဆီယံကော်မတီ စုစုပေါင်း (၅၅) ခုကို ကမ္ဘာတစ်ဝန်းရှိ မြို့တော်များနှင့် မြို့ကြီးများတွင် တည်ထောင်ထားပြီးဖြစ်။
  • အာဆီယံအဖွဲ့နှင့် ထိတွေ့ဆက်ဆံလိုသော နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် အရှေ့တောင်အာရှ  ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်သို့ ပါဝင်လက်မှတ်ရေးထိုးလိုသည့်နိုင်ငံများ ပိုမိုများပြားလာခြင်းသည် အာဆီယံ၏ စံတန်ဖိုးများကို နိုင်ငံတကာမှ ပိုမိုလက်ခံ အသိအမှတ် ပြုလာခြင်းဖြစ်ကြောင်း ပေါ်လွင်ထင်ရှားလျက်ရှိ။
  • ယနေ့အချိန်တွင် အာဆီယံသည် အောင်မြင်သော ဒေသတွင်းပေါင်းစည်းမှုပုံစံတစ်ခုဖြစ်လာပြီး ကမ္ဘာ့ရေးရာကိစ္စရပ်များ၌ အရေးပါသည့်ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုအဖြစ်သို့ ရောက်ရှိနေပြီဖြစ်သည့်အပြင် စီးပွားရေးအရ အာရှတိုက်တွင် တတိယနှင့် ကမ္ဘာတွင် ဆဋ္ဌမမြောက် အဆင့်အထိ ရောက်ရှိအောင်မြင်ခဲ့ပြီဖြစ်။
  • အာဆီယံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နောက်ဆက်တွဲ လူမှုစီးပွားထိခိုက်မှုများကို အာဆီယံဘက်စုံပြန်လည်ထူထောင်ရေးမူဘောင်၊ အာဆီယံခရီးသွားစင်္ကြံ သဘောတူညီချက်မူဘောင်နှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများနှင့် ကူးစက်ရောဂါများအတွက် အာဆီယံဗဟိုဌာနတို့မှတစ်ဆင့် ဒေသတွင်းပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်များကို ထိရောက်လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့။
  • အာဆီယံသည် အင်အားကြီးနိုင်ငံများအကြား ပထဝီဝင်နိုင်ငံရေးနှင့် စီးပွားရေးအားပြိုင်မှုတို့မှတစ်ဆင့် ပေါ်ပေါက်လာသည့် ဖိအားများနှင့်  လွှမ်းမိုးမှုများကို စုစည်းညီညွတ်စွာ ကြံ့ကြံ့ခံနိုင်စွမ်း ရှိရမည်ဖြစ်ပြီး အာဆီယံ၏ဦးဆောင်မှုအောက်ရှိ ယန္တရားများမှတစ်ဆင့် ပွင့်လင်းမြင်သာ၍ အားလုံးပါဝင်သော စည်းမျဉ်းအခြေပြုသည့် ဒေသဆိုင်ရာ  ဗိသုကာပုံစံတစ်ရပ်ကို မြှင့်တင်ဖော်ဆောင်ကြရမည်ဖြစ်။
  • ယခုကဲ့သို့ စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသည့်ကာလအတွင်း အာဆီယံပဋိညာဉ် စာတမ်းပါ အခြေခံမူများနှင့် စံတန်ဖိုးများ၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏ သဘောထားအမြင်တို့အပေါ်အခြေခံပြီး အာဆီယံ၏ ဗဟိုအချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို ခိုင်မာစွာကိုင်စွဲထားရန် အလွန်ပင်အရေးကြီး။
  • အာဆီယံတူညီဆန္ဒကို  အခြေပြုသည့်လမ်းစဉ်နှင့်အတူ လွတ်လပ်မှု၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့မှု၊ သာတူညီမျှမှုနှင့် ဝင်ရောက်မစွက်ဖက်ရေးမူတို့အား အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက လေးစားလိုက်နာခြင်းဖြင့် မတူကွဲပြားမှုများ အကြား စည်းလုံးညီညွတ်မှု”ရှိသည့် အာဆီယံမိသားစုကြီးအဖြစ် တစုတစည်းတည်းဖြစ်စေရုံသာမက ဒေသတွင်းရှိ ပြည်သူများအတွက်လည်း အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမည်ဖြစ်။
  • မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် အာဆီယံအသင်းကြီး၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာချိန်မှစ၍ တာဝန်ယူမှု၊ တက်ကြွမှုနှင့် အပြုသဘောဆောင်ရွက်မှုရှိသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် အာဆီယံအသိုက်အဝန်း ထူထောင်ရေးကြိုးပမ်းမှုများတွင် အားတက်သရော ထောက်ခံပံ့ပိုးခဲ့သည်မှာ အထင်အရှားဖြစ်။
  • အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှု လုပ်ငန်းအစီအစဉ်-၄ (၂၀၂၁-၂၀၂၅)၊ အာဆီယံပေါင်းစပ်ဆက်သွယ်မှုမဟာစီမံကိန်း ၂၀၂၅ အပါအဝင် အာဆီယံအသိုက်အဝန်းထူထောင်မှု လုပ်ငန်းစဉ်များနှင့် အာဆီယံအသိုက်အဝန်းလမ်းပြမြေပုံ ၂၀၂၅ ၏ အဓိကလုပ်ငန်းစဉ်များတွင် တိုးတက်မှုရှိစေရေးအတွက် မြန်မာနိုင်ငံမှ အလေးထားဆောင်ရွက်လျက်ရှိ။
  • မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ အာဆီယံပဋိညာဉ်စာတမ်း၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏ သဘောထားအမြင်တို့တွင် ပါရှိသည့်အခြေခံမူများနှင့် စံတန်ဖိုးများအပေါ် ခိုင်မာစွာဆက်လက်ရပ်တည်သွားမည်ဖြစ်။

အာဆီယံအသင်းကြီး၏ (၅၅) နှစ်မြောက် နှစ်ပတ်လည်အခါသမယတွင် မြန်မာပြည်သူပြည်သားများအားလုံးကို ဒေသတွင်းနှင့် ဒေသပြင်ပတည်ငြိမ်အေးချမ်းရေး၊ ကြွယ်ဝချမ်းသာရေးတို့အတွက် အာဆီယံအသင်းကြီး၏ မျှော်မှန်းချက်များနှင့်အာဆီယံအသိုက်အဝန်း ထူထောင်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၈-၂၀၂၂)

  • အာဆီယံအဖွဲ့နှင့် ထိတွေ့ဆက်ဆံလိုသောနိုင်ငံများ၊ အဖွဲ့အစည်းများနှင့် အရှေ့တောင်အာရှ  ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်သို့ ပါဝင်လက်မှတ်ရေးထိုးလိုသည့်နိုင်ငံများ ပိုမိုများပြားလာခြင်းသည် အာဆီယံ၏ စံတန်ဖိုးများကို နိုင်ငံတကာမှ ပိုမိုလက်ခံ အသိအမှတ် ပြုလာခြင်းဖြစ်ကြောင်း ပေါ်လွင်ထင်ရှားလျက်ရှိ။
  • စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသည့်ကာလအတွင်း အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် စံတန်ဖိုးများ၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏ သဘောထားအမြင်တို့အပေါ်အခြေခံပြီး အာဆီယံ၏ ဗဟို အချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို ခိုင်မာစွာကိုင်စွဲထားရန် အလွန်ပင်အရေးကြီး။
  • အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှုလုပ်ငန်းအစီအစဉ်- (၂၀၂၁-၂၀၂၅) အာဆီယံပေါင်းစပ်ဆက်သွယ်မှုမဟာစီမံကိန်း ၂၀၂၅ အပါအဝင် အာဆီယံအသိုက်အဝန်းထူထောင်မှု လုပ်ငန်းစဉ်များနှင့် အာဆီယံအသိုက်အဝန်းလမ်းပြမြေပုံ ၂၀၂၅ အဓိကလုပ်ငန်းစဉ်များတွင် တိုးတက်မှုရှိစေရေးအတွက် မြန်မာနိုင်ငံမှ အလေးထားဆောင်ရွက်လျက်ရှိ။
  • မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိ သကဲ့သို့ အာဆီယံပဋိညာဉ်စာတမ်း၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏ သဘောထားအမြင်တို့တွင် ပါရှိသည့်အခြေခံမူများနှင့် စံတန်ဖိုးများအပေါ် ခိုင်မာစွာဆက်လက်ရပ်တည်သွားမည်ဖြစ်။

Add new comment