မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမိန့်ကြော်ငြာစာအမှတ် ၃၆/၂၀၂၂ ထပ်မံထုတ်ပြန်

ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) သတ်မှတ် ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဩဂုတ်လ ၅ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၃၆/၂၀၂၂) အား ထပ်မံသတင်းထုတ်ပြန်ထားပါသည်။

သတင်းထုတ်ပြန်ချက်

၁။      မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉၊ ပုဒ်မ ခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။

၂။      မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်း၌နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော နိုင်ငံခြားသုံးငွေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံခြားသုံးငွေများ ပြည်ပသို့လွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ကို (၃-၄-၂၀၂၂) ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

၃။      ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကိုသာ အထက်ပါအပိုဒ် (၂) ပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ပါသည်။

၄။      ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။

၅။      ဤအမိန့်ကြော်ငြာစာကို လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမည်။    

သန်းညိန်း

ဥက္ကဋ္ဌ

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၆-၈-၂၀၂၂)

  • မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဩဂုတ်လ ၅ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၃၆/၂၀၂၂) အား ထပ်မံသတင်းထုတ်ပြန်ခဲ့ပြီး ၎င်းအမိန့်ကြော်ငြာစာကို လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်။

Add new comment