တစ်ပတ်တာကာလအတွင်း စတော့ရှယ်ယာရောင်းဝယ်မှုမှ ငွေကျပ် ၁၁ သန်းကျော်ရရှိ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်၌ ဒီဇင်ဘာလ နောက်ဆုံးပတ် တစ်ပတ်တာကာလအတွင်း စာရင်းဝင်ကုမ္ပဏီ ၇ ခုအနက် ကုမ္ပဏီ ၅ ခု၏ စတော့ရှယ်ယာရောင်းဝယ်မှုမှ ငွေကျပ် ၁၁ သန်းကျော်ရရှိခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းအရ သိရှိရပါသည်။

ဒီဇင်ဘာလ ၂၇ ရက်မှ ၃၀ ရက်အထိ တစ်ပတ်တာကာလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ အရောင်းအဝယ်ပြုလုပ်မှုအနေဖြင့် ရန်ကုန်စတော့အိတ်ချိန်းကုမ္ပဏီ ၅ ခု ဖြစ်သော First Myanmar Investment Public Co.,Ltd.(FMI)၊ Mya- nmar Thilawa SEZ Holdings Public Co.,Ltd.(MTSH)၊ Mya-nmar Citizens Bank Ltd.(FPB)၊ First Private Bank Co.,Ltd.(FPB)နှင့် TMH Telecom Public Co.,Ltd.များက စုစုပေါင်း စတော့ရှယ်ယာအစောင်ရေ ၃,၀၄၁ စောင်မှ ငွေကျပ် ၁၁,၂၃၇,၆၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

  • ဒီဇင်ဘာလ ၂၇ ရက်မှ ၃၀ ရက်အထိ တစ်ပတ်တာကာလအတွင်း စာရင်းဝင်ကုမ္ပဏီ ၅ ခု၏ စုစုပေါင်းစတော့ရှယ်ယာ အစောင်ရေ ၃,၀၄၁ စောင်မှ ငွေကျပ် ၁၁,၂၃၇,၆၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့။