၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လေးလတာကာလအတွင်း ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

  • ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ လေးလတာကာလအတွင်း ပျားရည်မက်ထရစ်တန်ချိန် ၆၉၁ ဒသမ ၃၄ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၃၇ သန်း ရရှိခဲ့။
  • ပြည်တွင်း၌ တစ်နှစ်လျှင် ပျားရည်မက်ထရစ်တန် ၆,၀၀၀ ဝန်းကျင်အထိထွက်ရှိရာ ပြည်ပသို့ နှစ်စဉ်မက်ထရစ်တန် ၃,၀၀၀ ဝန်းကျင်တင်ပို့လျက်ရှိ။
  • ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ လေးလတာကာလအတွင်း ပုစွန်တန်ချိန် ၄,၈၈၆ ဒသမ ၆၅၂ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၁၁၁ သန်း ကျော်ရရှိခဲ့။
  • ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ယခုနှစ်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပုစွန်တန်ချိန် ၁,၆၅၆ ဒသမ ၉၉၅ တန် ပိုမိုတင်ပို့နိုင်ကာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၇၈ သန်း ပိုမိုရရှိခဲ့။

ယခုနှစ်တွင် နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးသင်္ဘောအစင်းရေ ၅၀ ကျော်အထိ လစဉ်တိုးမြှင့်ဆိုက်ကပ်နိုင်ရန် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ယခုလအတွင်း နိုင်ငံတကာကုန်တင်သင်္ဘောကြီး ၅၅ စင်းဆိုက်ကပ်ကုန်သွယ်မည်ဖြစ်ကြောင်းသိရှိရပါသည်။

 သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၈-၂၀၂၂)

  • ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ လေးလတာကာလအတွင်း ပျားရည်မက်ထရစ်တန်ချိန် ၆၉၁ ဒသမ ၃၄ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၃၇ သန်း ရရှိခဲ့။
  • ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ လေးလတာကာလအတွင်း ပုစွန်တန်ချိန် ၄,၈၈၆ ဒသမ ၆၅၂ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၁၁၁ သန်းကျော်ရရှိခဲ့ကာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ယခုနှစ်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပုစွန်တန်ချိန် ၁,၆၅၆ ဒသမ ၉၉၅ တန်ပိုမိုတင်ပို့နိုင်ကာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၇၈ သန်း ပိုမိုရရှိခဲ့။
  • ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ယခုလအတွင်း နိုင်ငံတကာကုန်တင်သင်္ဘော ကြီး ၅၅ စင်းဆိုက်ကပ်ကုန်သွယ်မည်ဖြစ်။

Add new comment