မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာလအတွင်း ရှစ်ကြိမ်ခွဲ၍ အမေရိကန်ဒေါ်လာ ၁၁၈ သန်းအထိ ရောင်းချထား

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် ဒီဇင်ဘာ ၃၀ ရက်တွင် အမေရိကန်ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချခဲ့ပြီး ဒီဇင်ဘာလအတွင်း ရှစ်ကြိမ်ခွဲ၍ အမေရိကန် ဒေါ်လာ ၁၁၈ သန်းအထိ ရောင်းချခဲ့ပါသည်။

· ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်မှ ၃၀ ရက်အထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁၈ သန်းအား ရှစ်ကြိမ်ခွဲ၍ ရောင်းချခဲ့။

· ၂၀၂၁ ခုနှစ်အတွင်း၌ အမေရိကန်ဒေါ်လာရောင်းချမှုအနေဖြင့် ဖေဖော်ဝါရီလအတွင်း ၆ ဒသမ ၈ သန်း၊ ဧပြီလအတွင်း ၁၂ သန်း၊ မေလအတွင်း ၂၄ သန်း၊ ဇွန်လအတွင်း ၁၂ သန်း၊ ဇူလိုင်လအတွင်း ၃၉ သန်း၊ ဩဂုတ်လအတွင်း ၂၈ သန်း၊ စက်တင်ဘာလအတွင်း ၆၃ သန်း၊ အောက်တိုဘာလ အတွင်း ၁၁၀ သန်း၊ နိုဝင်ဘာလအတွင်း ၃၁ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂၅ ဒသမ ၈ သန်းရောင်းချနိုင်ခဲ့။

အဆိုပါနိုင်ငံခြားငွေဈေးပြိုင်လေလံသည် ငွေလဲလှယ်နှုန်းကို နှုန်းထားတစ်ရပ်တွင် ရှိနေစေရန်ဖြစ်စေ၊ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်စေရန်ဖြစ်စေ သို့မဟုတ် ကျဆင်းစေရန်ဖြစ်စေ ရည်ရွယ်ဆောင်ရွက်ခြင်းမဟုတ်ကြောင်း မြန်မာနိုင်ငံတော်  ဗဟိုဘဏ်မှ ထုတ်ပြန်ထားပါသည်။

  •  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် ဒီဇင်ဘာ ၃၀ ရက်တွင် အမေရိကန်ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချခဲ့ပြီး ဒီဇင်ဘာလအတွင်း ရှစ်ကြိမ်ခွဲ၍ အမေရိကန်ဒေါ်လာ ၁၁၈ သန်းအထိ ရောင်းချခဲ့။
  • ၂၀၂၁ ခုနှစ်အတွင်း၌လည်း အမေရိကန်ဒေါ်လာ စုစုပေါင်း ၃၂၅ ဒသမ ၈ သန်း ရောင်းချနိုင်ခဲ့။
  • အဆိုပါနိုင်ငံခြားငွေဈေးပြိုင်လေလံသည် ငွေလဲလှယ်နှုန်းကို နှုန်းထားတစ်ရပ်တွင် ရှိနေစေရန်ဖြစ်စေ၊ မြန်မာကျပ် ငွေတန်ဖိုးမြင့်တက်စေရန်ဖြစ်စေ သို့မဟုတ် ကျဆင်းစေရန်ဖြစ်စေ ရည်ရွယ်ဆောင်ရွက်ခြင်းမဟုတ်ကြောင်း မြန်မာ နိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားရှိ။