ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Sergey Lavrov တို့ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် လာရောက်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂျီလတ်ဗ်ရော့သည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက်တွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက နေပြည်တော် လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

ဆက်လက်၍ မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးမစ္စတာ ဆာဂျီလတ်ဗ်ရော့တို့က ဦးဆောင်ကျင်းပခဲ့ပြီး အောက်ပါအချက်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်-

· မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ အထူးသဖြင့် နှစ်ဖက်အစိုးရအဖွဲ့အစည်းများ၊ တပ်မတော်များနှင့် ပြည်သူများအကြားဆက်ဆံရေး တိုးမြှင့်ရေး၊

· စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသည့် အာဆီယံ၊ အာရှ−ဥရောပဆွေးနွေးပွဲ (အေဆမ်)၊ ဥရောပအာရှစီးပွားရေးသမဂ္ဂ (EAEU)နှင့် ကုလသမဂ္ဂတို့တွင် ဆက်လက်၍နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေး၊

· သက်ဆိုင်ရာနိုင်ငံများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအကျိုးတူကိစ္စရပ်များ၊

ဆွေးနွေးပွဲအပြီးတွင် မြန်မာ−ရုရှား နှစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲအစီအစဉ် (၂၀၂၂- ၂၀၂၄)ကို ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီလတ်ဗ်ရော့တို့က လက်မှတ် ရေးထိုးလဲလှယ်ခဲ့ကြသည်။ အဆိုပါအစီအစဉ်သည် မြန်မာနှင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်တစ်ရပ်ဖြစ်ပြီး၊ ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂျီလတ်ဗ်ရော့သည် ညနေပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက နေပြည်တော်လေဆိပ်သို့ လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

(မြဝတီရုပ်မြင်သံကြား ၃-၈-၂၀၂၂)

  • မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ အထူးသဖြင့် နှစ်ဖက်အစိုးရအဖွဲ့အစည်းများ၊ တပ်မတော်များနှင့် ပြည်သူများအကြားဆက်ဆံရေး တိုးမြှင့်ရေး။
  • စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်ကြသည့် အာဆီယံ၊ အာရှဥရောပဆွေးနွေးပွဲ (အေဆမ်)၊ ဥရောပ အာရှစီးပွားရေးသမဂ္ဂ (EAEU)နှင့် ကုလသမဂ္ဂတို့တွင် ဆက်လက်၍နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး။
  • နှစ်နိုင်ငံ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအကျိုးတူကိစ္စရပ်များ။

 

Add new comment