ပြင်ဦးလွင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျန်ရှိခဲ့သည့် အမှိုက်သရိုက်များနှင့် ရေစီးရေလာကောင်းမွန်စေရေး သန့်ရှင်းရေးစုပေါင်းဆောင်ရွက်

ဇူလိုင်လ ၃၁ ရက်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ရှိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပါသည်။

ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့်နေရာများသို့ ဩဂုတ်လ ၂ ရက်တွင် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက သွားရောက်၍ ရပ်ကွက်ကြီး (၁) အတွင်းရှိ ဂဲလောင်ချောင်း ရေတိုက်စားမှုရှိခဲ့သည့် ချောင်းဘေးဘောင်များ   ပြင်ဆင်ခြင်း၊ ရပ်ကွက်ကြီး (၃) ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း၊ ရပ်ကွက်ကြီး (၉) ရှိ အေးမြချမ်းသာ သီလရှင်ကျောင်း၊ ဂေါ်ရခါးကျောင်းနှင့် ဆင်လမ်းကျေးရွာရှိ ဓမ္မိကာရာမစာသင်တိုက်တို့၌ ပျက်စီးမှုများအား ဖယ်ရှားရှင်းလင်းခြင်း၊ ဂဲလောင်ချောင်းတစ်လျှောက် ဂန္ဓမာမြိုင် အဝိုင်းမှ မန္တလေး-လားရှိုးလမ်း AGD ဘဏ်အထိ ရေစီးရေလာကောင်းမွန်စေရေးတို့ကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၈-၂၀၂၂)

  • မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပြင်ဦးလွင်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ ပျက်စီးဆုံးရှုံးမှုများရှိခဲ့
  • တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက အဆောက်အအုံပျက်စီးမှုများအား ဖယ်ရှားရှင်းလင်းခြင်းများနှင့် ရေစီးရေလာကောင်းမွန်စေရေးတို့ကို စုပေါင်းဆောင်ရွက်ပေးခဲ့။

Add new comment