ဇူလိုင်လ တစ်လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် ဆန်တန်ချိန် ၁၂၃,၆၁၃ တန်နှင့် ဆန်ကွဲတန်ချိန် ၅၈,၉၃၇ တန်၊ စုစုပေါင်းတန်ချိန် ၁၈၂,၅၅၀ တန်ကို ပြည်တွင်းရှိ ကုမ္ပဏီပေါင်း ၄၃ ခုမှ နိုင်ငံပေါင်း ၂၁ နိုင်ငံသို့ တင်ပို့ခဲ့ခြင်း ဖြစ်ပါသည်။ ကုန်သွယ်ရေးလမ်းကြောင်းအနေဖြင့် ပင်လယ်ရေကြောင်းမှ တန်ချိန် ၁၄၇,၁၂၀ တန်နှင့် နယ်စပ်ကုန်သွယ်ရေးမှတန်ချိန် ၃၅,၄၃၀ တန်တင်ပိုခဲ့ပါသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ပြည်ပနိုင်ငံများသို့ အရည်အသွေးမြင့်သည့် စပါးမျိုးများကို အဓိကထား၍ သုံးနှစ်အတွင်း ဆန်တင်ပို့မှု နှစ်ဆတိုးမြှင့်နိုင်ရန် ရည်မှန်းထားကာ ၂၀၂၅ ခုနှစ်မှစတင်၍ နှစ်စဉ်တန်ချိန် လေးသန်းအထိ တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၈-၂၀၂၂)
- ဇူလိုင်လ တစ်လတာကာလအတွင်း ဆန်နှင့်ဆန်ကွဲစုစုပေါင်းတန်ချိန် ၁၈၂,၅၅၀ တန်ကို ပြည်တွင်းရှိ ကုမ္ပဏီပေါင်း ၄၃ ခုမှ ပြည်ပနိုင်ငံပေါင်း ၂၁ နိုင်ငံသို့ တင်ပို့ခဲ့။
- ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုကို ၂၀၂၅ ခုနှစ်မှစတင်၍ နှစ်စဉ်တန်ချိန် လေးသန်းအထိ တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိ။
Add new comment