မြို့နယ်အချို့၌ PDF အကြမ်းဖက်သမားများက ပညာရေးကဏ္ဍမြင့်မားရေးကို နည်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီး

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုအား ထိခိုက်ဒဏ်ရာရရှိစေရန်ရည်ရွယ်၍ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များကို ငွေကြေးထောက်ပံ့မှုများရယူကာ အများပြည်သူပိုင်နေရာများတွင် လက်လုပ်ဗုံး/မိုင်းများဖြင့် ဖောက်ခွဲပစ်ပေါက်တိုက်ခိုက်ခြင်းများ၊ ပညာရေးကဏ္ဍအတွက် အဓိက ကျသော အဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲခြင်း မီးရှို့ဖျက်ဆီးခြင်းအပြင် ပညာရေးဝန်ထမ်းများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်းနှင့် အကြောင်းမဲ့သတ်ဖြတ်ခြင်းများ ဖြင့် ပြည်သူများ၏ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်လာစေရန် အကြမ်းဖက်မှုများအား နည်းလမ်းမျိုးစုံသုံး၍ ပိုမိုလုပ်ဆောင်လျက်ရှိရာ-

  • ဇူလိုင်လ ၃၁ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် နည်းပညာတက္ကသိုလ်၌ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသူ၊ ကျောင်းသားများအား Yesogo Revolution Group-YRG PDG အမည်ခံ PDF အကြမ်းဖက်သမားများက Online ပေါ်မှ ကျောင်းသား/သူများအနေဖြင့် ဆက်လက်ပြီး ကျောင်းမတက်ရန်နှင့် ကျောင်းဆက်လက်တက်မည်ဆိုပါက ဖြစ်လာမည့် အကျိုးဆက်များကို ၎င်းတို့အဖွဲ့မှ တာဝန်မယူကြောင်း ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ် သတိပေးထုတ်ပြန်လိုက်ကြောင်း ရေးသားခြိမ်းခြောက်ခဲ့။
  • မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကြံတောကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တိုးတိုးလွင် (၄၄) နှစ်၏ နေအိမ်အရှေ့ သို့ ဆိုင်ကယ်ဖြင့် အကြမ်းဖက်သမားအမျိုးသား ၂ ဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ၅ ချက်ခန့်ပစ်ခတ်ခဲ့သော်လည်း လူနှင့်အဆောက်အဦ ထိခိုက် ပျက်စီးမှုမရှိခဲ့။
  • ဩဂုတ်လ ၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့်ကပ်လျက်ရှိ အမျိုးသမီးအိမ်တွင်းမှု အတက်သင်ကျောင်းအရှေ့လမ်းပေါ်၌ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သော်လည်း လူနှင့်အဆောက်အဦ ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၈-၂၀၂၂)

  • ရေစကြိုမြို့နယ် နည်းပညာတက္ကသိုလ်၌ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသူ၊ ကျောင်းသားများအား Yesogo Revolution Group-YRG PDG အမည်ခံ PDF အကြမ်းဖက်သမားများက Online ပေါ်မှ ခြိမ်းခြောက်စာရေးသား၍ ခြိမ်းခြောက်ခဲ့။
  • ကြံတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တိုးတိုးလွင်၏ နေအိမ်အရှေ့သို့ အကြမ်းဖက်သမားအမျိုးသား ၂ ဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ၅ ချက်ခန့်ပစ်ခတ်ခဲ့။
  • ကလေးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့်ကပ်လျက်ရှိ အမျိုးသမီးအိမ်တွင်းမှု အတက်သင်ကျောင်းအရှေ့လမ်းပေါ်၌ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သော်လည်း လူနှင့်အဆောက်အဦ ထိခိုက်မှုမရှိခဲ့။

Add new comment