မြန်မာနိုင်ငံတဝှမ်း နှစ်သစ်ကူး ကြိုဆိုမည့်သူများ၊ အနားယူအပန်းဖြေသူများဖြင့် စည်ကား

ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူးရုံးပိတ်ရက်တွင် နိုင်ငံ တစ်ဝန်း၌ နှစ်သစ်ကို ကြိုဆိုကြသူများ၊ ပင်လယ်ကမ်းခြေများသို့ အပန်းဖြေခရီးထွက်သူများနှင့် စေတီပုထိုးများသို့ ဘုရား ဖူးသွားရောက်ကြသူများဖြင့် နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

· နိုင်ငံတကာနှစ်သစ်ကူး အကြိုည၌ လူကြီး၊ လူငယ်များနှင့် မိသားစုများက မီးရောင်စုံများဖြင့် အလှဆင်ထားထားသော ရန်ကုန်မြို့ အင်းလျားကန်ပေါင်သို့ သွားရောက်ခဲ့ပြီး နှစ်သစ်ကူးပွဲတော်အား ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့။

· အပန်းဖြေရင်းနှစ်သစ်ကို ကြိုဆိုမည့် ခရီးသွားဧည့်သည်များသည် ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေသို့ ဒီဇင်ဘာလ ၃၁ ရက် မနက်ပိုင်းမှစ၍ အဆက်မပြတ် ဝင်ရောက်လျက်ရှိ။

· သမိုင်းဝင်စေတီပုထိုးများဖြစ်သည့် ပုဂံ-ညောင်ဦးဘက်ခြမ်းရှိ စွယ်တော်သုံးဆူ၊ ဧရာဝတီမြစ်တစ်ဘက်ကမ်းရှိ ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင် စွယ်တော်မြတ်စေတီ၊ မဟာငှက်ပစ်တောင်စေတီ၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ စူဠာမဏိဘုရားများအား ပြည်တွင်းခရီးသွားဘုရားဖူး ဧည့်သည်များက လာရောက်ဖူးမြော်လျက်ရှိ။

· ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ပုဂံဒေသ၏ နေဝင်ဆည်းဆာကြည့်ရှုရန် ပြုလုပ်ထားသည့် တောင်ကုန်း(တု)များပေါ်တွင် ပြည်တွင်းခရီးသွားများ၊ နေဝင်ဆည်းဆာကြည့်ရှုရန်များဖြင့် တိုးမပေါက်အောင် စည်ကားလျက်ရှိ။

· ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန် (B.E FALLS)သို့ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများ အထူးများပြားလျက်ရှိပြီး ပွဲကောက်ရေတံခွန်တွင် အဆင့်မြှင့်တင်တည်ဆောက်ထားသည့် LED မှန်တံတားများ၊ ကလေးကစားကွင်းများတွင် လည်ပတ်သူများ၊ ရေတံခွန်တွင် မိသားစုလိုက် အနားယူအပန်းဖြေသူများနှင့် အထူးစည်ကားလျက်ရှိပါသည်။

ဒီဇင်ဘာလ ၃၁ ရက်တွင် မြို့ကြီးများ၊ နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီပုထိုးများ၊ ပန်းခြံများနှင့် ကမ်းခြေများသို့ မိသားစု လိုက်လာရောက်အပန်းဖြေအနားယူကြပြီး နှစ်သစ်ကူးပွဲတော် အား ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့ပါသည်။

  • နိုင်ငံတစ်ဝန်း၌ နှစ်သစ်ကို ကြိုဆိုကြသူများ၊ ပင်လယ်ကမ်းခြေများသို့ အပန်းဖြေခရီးထွက်သူများနှင့် စေတီပုထိုးများသို့ ဘုရားဖူးသွားရောက်ကြသူများဖြင့် နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့။