မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့နယ်များအတွင်း တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့နယ်များရှိ လူနေရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါနေရာများသို့ တာဝန်ရှိသူများက သွားရောက်၍-

  • ဇူလိုင်လ ၃၁ ရက်နှင့် ဩဂုတ်လ ၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ပေါ် ရပ်ကွက်ကြီး ၁၀ ခု၊ ကျွဲနွားထောက်ကျေးရွာအုပ်စုနှင့် သရက်ပင်ကျေးရွာများ၌လည်းကောင်း။
  • ဩဂုတ်လ ၁ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဥတ္တရသီရိမြို့နယ်၊ တက်ရှိန်းကျေးရွာနှင့် တပ်ကုန်းမြို့နယ်၊ လယ်ပြင်မကျေးရွာများ၌လည်းကောင်း သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့။

ရေဝင်ရောက်သည့်နေရာများသို့ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းကူညီကယ်ဆယ်ခြင်း၊ ရေဝင်ရောက်ခဲ့သည့် နေအိမ်များအတွင်း သန့်ရှင်းရေးဆောင်ရွက် ပေးခြင်း၊ ပြိုကျပျက်စီးနေသည့် အုတ်တံတိုင်းများနှင့် အဆောက်အဦများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ လမ်းပိတ်ဆို့နေသည့် သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်းများ၊ လမ်းတံတားများအား ဖယ်ရှားရှင်းလင်းပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၈-၂၀၂၂)

  • ပြင်ဦးလွင်မြို့နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာအချို့၌ နေအိမ်ရပ်ကွက်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့။
  • တပ်မတော်သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး စားသောက်ဖွယ်ရာများနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့။

Add new comment