ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံစီးပွားရေးအဖွဲ့အစည်း (Thai Business Association of Myanmar- TBAM) President, Mr. Nuttaphong Visitkitchakarn ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ဩဂုတ်လ ၁ ရက်တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းများလည်း ပြေးဆွဲပျံသန်းလျက်ရှိကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ထိုင်းနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုသည် ဒုတိယ နေရာ၌ရှိပြီး ပိုမိုရင်းနှီးမြှုပ်နှံလာကြမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံစီးပွားရေးအဖွဲ့အစည်းက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသော ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် ပံ့ပိုးဆောင်ရွက်ပေးစေလိုသော ကိစ္စရပ်များ၊ ထိုင်းခရီးသွားများ မြန်မာနိုင်ငံရှိ ခရီးစဉ် ဒေသများသို့ လာရောက်လည်ပတ်နေမှုနှင့် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၈-၂၀၂၂)
- တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသော ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် ပံ့ပိုးဆောင်ရွက်ပေးစေလိုသော ကိစ္စရပ်များ၊ ထိုင်းခရီးသွားများ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ လာရောက် လည်ပတ်နေမှုနှင့် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့။
Add new comment