၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၂၈ ရက်အထိ လေးလတာကာလအတွင်း ငါး၊ ပုစွန်နှင့် အခြားရေထွက်ကုန် မက်ထရစ်တန်ချိန် ၄၂,၁၃၃ ဒသမ ၆၅၅ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၃,၅၉၉,၁၃၃ ဒသမ ၃၇၆ ဒေါ်လာ ရရှိခဲ့။
  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၁၅ ရက်အထိ ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၉၅၂ ဒသမ ၈၄၈ သန်း၊ ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၂,၁၇၁ ဒသမ ၁၉၅ သန်းရရှိပြီး စုစုပေါင်း အမေရိကန်ဒေါ် လာ ၃,၁၂၄ ဒသမ ၀၄၃ သန်းရရှိခဲ့။
  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၂၂ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ၃၉၉,၇၃၁ ဒသမ ၀၃၇ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၁၅ ဒသမ ၈၁၅ သန်း၊နယ်စပ်ကုန်သွယ်ရေးမှ ၁၃၉,၅၇၉ ဒသမ ၉၆၇ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၀၀၅ သန်း စုစုပေါင်း ၅၃၉,၃၁၁ ဒသမ ၀၀၄ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၀၉ ဒသမ ၈၂ သန်းရရှိခဲ့။

မြန်မာနိုင်ငံမှ ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် အခြားပို့ကုန် ပစ္စည်းများ တင်ပို့လျက်ရှိရာ ပို့ကုန်တင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄,၈၁၃ ဒသမ ၅၃၂ သန်းရရှိခဲ့ပြီး အဆိုပါပို့ကုန်ပစ္စည်းများထဲတွင် စက်မှုကုန်ချော တင်ပို့မှု အများဆုံးဖြစ်ကြောင်း သိရှိရပါသည်။

 သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၈-၂၀၂၂)

  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၂၈ ရက်အထိ လေးလတာကာလအတွင်း ငါး၊ ပုစွန်နှင့် အခြားရေထွက်ကုန် မက်ထရစ်တန်ချိန် ၄၂,၁၃၃ ဒသမ ၆၅၅ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၃,၅၉၉,၁၃၃ ဒသမ ၃၇၆ ဒေါ်လာ ရရှိခဲ့။
  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၁၅ ရက်အထိ ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် အမေရိကန် ဒေါ်လာ ၃,၁၂၄ ဒသမ ၀၄၃ သန်းရရှိခဲ့။
  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၂၂ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၅၃၉,၃၁၁ ဒသမ ၀၀၄ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၀၉ ဒသမ ၈၂ သန်း ရရှိခဲ့။

Add new comment