မြို့နယ်အချို့၌ PDF အကြမ်းဖက်သမားများက ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးကဏ္ဍအပေါ် ဘက်ပေါင်းစုံမှ ယုတ်မာသည့် နည်းလမ်းများဖြင့် နှောင့်ယှက်ဖျက်ဆီးမှုများအား  ပြုလုပ်လျက်ရှိရာ-

  • ဇူလိုင်လ ၂၇ ရက်တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ လက်ပန်ကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းအား PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ရာ ကျောင်းရုံးခန်းနှင့် စာကြည့်တိုက်တွဲလျက် အဆောက်အဦအတွင်းရှိ စာရွက်စာတမ်းများ၊ ပြဋ္ဌာန်းစာအုပ်များ၊ သံဗီရို ၁ လုံး၊ သစ်သားဗီရို ၂ လုံး၊ ဆုံလည်ကုလားထိုင် ၁ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့။
  • ဇူလိုင်လ ၂၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ သေတ္တရာကျေးရွာနေ ပုလဲအခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြကျောင်းဆရာဖြစ်သူ ဦးစိုင်းမင်းလတ် (၃၈) နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်သမားများက ၎င်းအား သေနတ်၊ ဓားများဖြင့် ဝိုင်းဝန်းပစ်ခတ် ထိုးခုတ်ခဲ့ သဖြင့် ၎င်းတွင် သေနတ်၊ ဓားဒဏ်ရာများရရှိခဲ့။
  • မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ မြို့နယ် ပညာရေးမှူးရုံး၌ လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့မှုကြောင့် ရုံးပြတင်းပေါက်မှန်များ ကွဲအက်ပျက်စီးခဲ့။
  • တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကညုံရပ်ကွက်ရှိ ကညုံအခြေခံပညာမူလတန်းကျောင်းရှေ့လမ်းပေါ်၌လည်းကောင်း၊  ထားဝယ်မြို့နယ်၊ ဟိန္ဒားကျေးရွာနေ ဦးကြည်ထွန်း (၅၀) နှစ်နှင့် အလယ်တန်းပြကျောင်းဆရာမဖြစ်သူ ဒေါ်နီနီဆင့်တို့၏ နေအိမ်ရှေ့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ တောင် သာမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ကျောင်းရုံးခန်းဝင်ပေါက်တံခါးမကြီး၏ အောက်ခြေအခင်းပေါ်၌လည်းကောင်း ခြိမ်းခြောက်စာများထားရှိခဲ့။
  • ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းဝင်းနေ အထက်တန်းပြဆရာမဖြစ်သူ ဒေါ်ဝါဝါရွှေ (၄၀) နှစ်အား PDF အကြမ်းဖက်သမား ၁ ဦးက ဖုန်းဖြင့် ဆက်သွယ်၍ ခြိမ်းခြောက်ခြင်းနှင့် ငွေတောင်းခံခြင်းများ လုပ်ဆောင်ခဲ့။
  • ဇူလိုင်လ ၃၀ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွဲတဲ(ရွာမ) ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ ကျောင်းအုပ်ဆရာမကြီး ရုံးခန်းတံခါးဝ၌ ခြိမ်းခြောက်စာများ ရေးသားထားသည့် စာတစ်စောင်ထားရှိခဲ့။
  • ပခုက္ကူမြို့နယ်၊ ကမ္မမြို့နေ သရက်ကန်အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာမဖြစ်သူ ဒေါ်ခင်မာနိုင် (၃၈) နှစ်သည် ကျောင်းမှ ၎င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဒေါ်ခင်မာနိုင်တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့။

ယခုကဲ့သို့စစ်ရေးနှင့်မသက်ဆိုင်သော အရပ်ဘက်ပစ်မှတ်များဖြစ်သည့် စာသင်ကျောင်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရည်ရွယ်ချက်ရှိစွာ တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းတွင် ပြဋ္ဌာန်းထားသည့်အချက်များနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်း ဖြစ်ပါသည်။ PDF အကြမ်းဖက်သမားများသည် ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို နည်းမျိုးစုံဖြင့် တိုက်ခိုက်ဖျက်ဆီးလျက်ရှိသည့်အပြင် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းများ၊ ခြိမ်းခြောက်အကြပ်ကိုင် ခြင်းများစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆက်တိုက်ကျူးလွန်နေသည့်အတွက် မိဘများအနေဖြင့် ၎င်းတို့ရင်သွေးငယ်များ၏ ပညာသင်ကြားနေမှုကို နှောင့်ယှက်ဖျက်ဆီးခံရခြင်းကြောင့် အကြမ်းဖက်သမားများအား  ရွံရှာမုန်းတီးလျက်ရှိပြီး အချို့ပြည်သူများကိုလည်း အဆိုပါလုပ်ရပ်များအပေါ် ဝိုင်းဝန်းဆန့်ကျင်ကြရန် လိုလား လျက်ရှိပါသည်။

 အကြမ်းဖက်သမားများ၏ ပညာရေးကဏ္ဍအပေါ် အကြမ်းဖက်လုပ်ရပ်များမှာ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခဲ့မှု (၁၄၀) ကြိမ်၊ မိုင်းထောင်ဖောက်ခွဲခဲ့မှု (၄၀၁) ကြိမ်နှင့် ခြိမ်းခြောက်အကြမ်းဖက်မှု (၈၇) ကြိမ်၊ ဒဏ်ရာရပညာရေးဝန်ထမ်းမှာ ဆရာ (၁၄) ဦး၊ ဆရာမ (၁၈) ဦးနှင့် ဝန်ထမ်း (၆) ဦးနှင့် သေဆုံးပညာရေးဝန်ထမ်းမှာ ဆရာ (၁၇) ဦး၊ ဆရာမ (၁၇) ဦးနှင့် ဝန်ထမ်း (၃) ဦးတို့ရှိပြီ ဖြစ်ပါသည်။  အထက်ပါ ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာ ရိုင်းစိုင်းသည့် လုပ်ရပ်ကိုကျူးလွန်ခဲ့သည့် PDF အကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၈-၂၀၂၂)

  • ပန်းတနော်မြို့နယ်၊ လက်ပန်ကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းအား PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ရာ ကျောင်းရုံးခန်းနှင့် စာကြည့်တိုက်တွဲလျက် အဆောက်အဦအတွင်းရှိ စာရွက်စာတမ်းများ၊ ပြဋ္ဌာန်းစာအုပ်များ၊ သံဗီရို ၁ လုံး၊ သစ်သားဗီရို ၂ လုံး၊ ဆုံလည်ကုလားထိုင် ၁ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့။
  • PDF အကြမ်းဖက်သမားများသည် ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍  ပညာရေးဝန်ထမ်းများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့။
  • နတ်မောက်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး၌ လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့မှုကြောင့် ရုံးပြတင်းပေါက်မှန်များ ကွဲအက်ပျက်စီးခဲ့။
  • ကလောမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းဝင်းနေ အထက်တန်းပြဆရာမဖြစ်သူ ဒေါ်ဝါဝါရွှေ (၄၀) နှစ်အား PDF အကြမ်းဖက်သမား ၁ ဦးက ဖုန်းဖြင့် ဆက်သွယ်၍ ခြိမ်းခြောက်ခြင်းနှင့် ငွေတောင်းခံခြင်းများ လုပ်ဆောင်ခဲ့။

Add new comment