ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆက်လက်ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-

· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၃၁ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၈၆,၀၁၀ ဦးအားလည်း‌ကောင်း၊ ပထမအကြိမ်အဖြစ်  ပြည်သူ စုစုပေါင်း ၄၁,၆၂၂ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။

· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဒီဇင်ဘာလ ၃၁ ရက် တွင် ဒုတိယအကြိမ်အဖြစ် ၂,၂၀၂ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ၃,၃၀၃ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဒီဇင်ဘာလ ၃၁ ရက်အထိ ကျောင်းသား/သူစုစုပေါင်း ၁,၄၉၅,၄၆၂ ဦးကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။

· တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအား ဒီဇင်ဘာလ ၃၁ ရက်တွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေး အပ်ချီးမြှင့်ခဲ့။

· ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရေးဆောင်  ရွက်ရာတွင် ယခင်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ခဲ့သော နိုင်ငံတကာခရီးသည်တင် လေကြောင်း ခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီ ကန့်သတ်ခြင်းဆိုင်ရာညွှန်ကြားချက်အား Temporary  Measures to Prevent Importation of COVID-19 to Myanmar through Air Travel Issue-2 အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ခွင့်ပြုချက်ဖြင့် သက်ရောက်မှုကာလကို (၃၁-၁-၂၀၂၂) ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့။

· ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ နှင့် ပြည်ထောင်စုဝန်ကြီးဌာနများက ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးထားသည့်ကိစ္စရပ်များမပါ)အား ၃၁-၁-၂၀၂၂ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၃၁ ရက်တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၀,၇၁၄ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၉၈ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၁.၇၆ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၃၁-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၀၄၀,၆၅၀ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၀,၈၃၄ ဦးနှင့် သေဆုံး သူစုစုပေါင်း ၁၉,၂၆၈ ဦးရှိကြောင်း သိရှိရပါသည်။

  • တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၃၁ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၈၆,၀၁၀ ဦးအားလည်း‌ကောင်း၊ ပထမအကြိမ် အဖြစ် ပြည်သူစုစုပေါင်း ၄၁,၆၂၂ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
  • ၃၁-၁၂-၂၀၂၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ စုစုပေါင်း ၁,၄၉၅,၄၆၂ ဦးကာကွယ် ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
  • နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်း ဆိုင်ရာညွှန်ကြားချက်အား Temporary  Measures to Prevent Importation of COVID-19 to Myanmar through Air Travel Issue-2 အဖြစ် သက်ရောက်မှုကာလကို (၃၁-၁-၂၀၂၂) ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့။
  • ၃၁-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၀၄၀,၆၅၀ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၀,၈၃၄ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၆၈ ဦးဖြစ်ပြီး ၃၁-၁၂-၂၀၂၁ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၁.၇၆ ရာခိုင်နှုန်းရှိ။