PDF အမည်ခံအကြမ်းဖက်သမားများ၏ ခြိမ်းခြောက်အကြမ်းဖက်သတ်ဖြတ်မှု အန္တရာယ်မှ တိမ်းရှောင်လာကြသူများအား ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်

နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ PDF အမည်ခံအကြမ်းဖက်သမားများ၏ ခြိမ်းခြောက်အကြမ်းဖက်သတ်ဖြတ်မှု အန္တရာယ်မှ တိမ်းရှောင်လာကြသူများအား ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင်လ ၂၉ ရက်တွင် ကျင်းပခဲ့ရာ အခမ်းအနားတွင် တာဝန်ရှိသူများက အိမ်ထောင်စု ၁၁၅ စုအတွက် တစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၁ ပိဿာ၊ ဆား ၁ ပိဿာနှင့် ကုလားပဲ ၁ ပိဿာနှုန်းဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေ ၆,၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၇-၂၀၂၂)

  • နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ PDF အမည်ခံအကြမ်းဖက်သမားများ၏ ခြိမ်းခြောက်အကြမ်းဖက် သတ်ဖြတ်မှုအန္တရာယ်မှ တိမ်းရှောင်လာကြသူများအား အိမ်ထောင်စု ၁၁၅ စု အတွက် တစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၁ ပိဿာ၊ ဆား ၁ ပိဿာနှင့် ကုလားပဲ ၁ ပိဿာနှုန်းဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ ၆,၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့။

Add new comment