နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး (၁/၂၀၂၂) သို့ တက်ရောက်အမှာစကားပြောကြား

အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး (၁/၂၀၂၂) ကို ဇူလိုင်လ ၂၈ ရက်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနား၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင်-

  • ကမ္ဘာပေါ်တွင် ပြောင်းလဲဖြစ်ပေါ်လာနေသည့် သဘာဝဘေးအန္တရာယ်များ၏ သဘောသဘာဝများကို မျက်ခြည်မပြတ်လေ့လာနေရန်လိုအပ်သကဲ့သို့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များကို ရာသီကာလအလိုက်၊ ဒေသအလိုက် ခန့်မှန်းပြီး မိမိတို့တွင်ရှိပြီးဖြစ်သော ရရှိနိုင်သော စွမ်းအားအရင်းအမြစ် များဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်မည့် အကောင်းဆုံးသောအစီအမံများကို အမြဲတစေ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်ကြောင်း။
  • သဘာဝဘေးတုံ့ပြန်ရေးဆိုင်ရာစီမံချက်ပါအတိုင်း ကြိုတင်ပြင်ဆင်စုဖွဲ့ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ရန်နှင့် သဘာဝဘေးဖြစ်ပွားလာပါက အန္တရာယ်ကိုကျော်လွှားနိုင်ရန် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များ၊ ပြည်သူလူထု၊ အထောက်အကူပြုပရဟိတအဖွဲ့များအားလုံး ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း။
  • မိမိတို့တွင်ရှိပြီးဖြစ်သည့် လူစွမ်းအားအရင်းအမြစ်၊ အခြေခံအဆောက်အဦ၊ အသုံးပြုနိုင်မည့်ပစ္စည်းကိရိယာများကို ဖော်ထုတ်သိရှိပြီး လိုအပ်သလို ထုတ်နုတ်သုံးစွဲနိုင်ရ မည်ဖြစ်သကဲ့သို့ သဘာ၀ဘေးအန္တရာယ်ကို တုံ့ပြန်နိုင်မည့် စွမ်းအားစုများ အမြဲအဆင့်သင့်ဖြစ်နေစေရေး ဆောင်ရွက်ထားပြီး လိုအပ်ချက်များရှိပါက ဖြည့်ဆည်း ဆောင်ရွက်ထားရန်နှင့် လူအင်အား၊ ပစ္စည်းအင်အားများကို ထိထိရောက်ရောက် အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း။
  • နှစ်စဉ် အောက်တိုဘာလ ၁၃ ရက်တွင် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ကျင်းပလျက်ရှိ ရာ ၂၀၂၁ ခုနှစ်တွင် “ဒို့ကမ္ဘာမြေကို ထိန်းသိမ်းဖို့၊ တွဲလက်ခိုင်မာ ပူးပေါင်းစို့ ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ၂၀၂၂ ခုနှစ်တွင်လည်း အလားတူ အထိမ်း အမှတ်အခမ်းအနားကို အောင်မြင်စွာကျင်းပပြီး ပြည်သူများသဘာဝဘေး အသိပညာများတိုးပွားလာနိုင်စေရေးနှင့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာနိုင်စေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
  • ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတုံ့ပြန်ဆောင်ရွက်မှုမှ ရရှိခဲ့သည့် အတွေ့အကြုံများကို အခြေခံရေးဆွဲထားသည့် ၂၀၂၂ ခုနှစ် သဘာဝဘေးစီမံခန့်ခွဲမှုအတွက် တည်မြဲအမိန့် (မူကြမ်း) ကို ယနေ့အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုပြီးပါက ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆက်လက်ဆောင်ရွက်ကာ သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းအသီးသီးသို့ ဆက်လက်ဖြန့်ဝေ စတင်အသုံးပြုဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများသည် တစ်ဦး၊ တစ်ယောက်ချင်း အဖွဲ့အစည်း တစ်ခုချင်း ဆောင်ရွက်နိုင်သည့်လုပ်ငန်းများမဟုတ်ဘဲ အားလုံးပေါင်းစည်း ဆောင်ရွက်ရသည့်လုပ်ငန်းများဖြစ်၍ ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ တာဝန်ခွဲဝေယူမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုများ အားကောင်းနေရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၇-၂၀၂၂)

  • ကမ္ဘာပေါ်တွင် ပြောင်းလဲဖြစ်ပေါ်လာနေသည့် သဘာဝဘေးအန္တရာယ်များ၏ သဘောသဘာဝများကို မျက်ခြည်မပြတ် လေ့လာနေရန်လိုအပ်သကဲ့သို့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များကို ရာသီကာလအလိုက်၊ ဒေသအလိုက် ခန့်မှန်းပြီး မိမိတို့တွင် ရှိပြီးဖြစ်သော ရရှိနိုင်သော စွမ်းအား အရင်း အမြစ်များဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်မည့် အကောင်းဆုံးသောအစီအမံများကို အမြဲတစေကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်။
  • ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတုံ့ပြန်ဆောင်ရွက်မှုမှ ရရှိခဲ့သည့် အတွေ့အကြုံများကို အခြေခံရေးဆွဲထားသည့် ၂၀၂၂ ခုနှစ် သဘာဝဘေးစီမံခန့်ခွဲမှုအတွက် တည်မြဲအမိန့်(မူကြမ်း)ကို ယနေ့အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုပြီးပါက ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆက်လက်ဆောင်ရွက်ကာ သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်း အသီးသီးသို့ ဆက်လက်ဖြန့်ဝေ စတင်အသုံးပြုဆောင်ရွက်သွားကြရမည်ဖြစ်။
  • သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများသည် တစ်ဦး၊ တစ်ယောက်ချင်း အဖွဲ့အစည်း တစ်ခုချင်း ဆောင်ရွက်နိုင်သည့်လုပ်ငန်းများမဟုတ်ဘဲ အားလုံးပေါင်းစည်း ဆောင် ရွက်ရသည့်လုပ်ငန်းများဖြစ်၍ ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ တာဝန်ခွဲဝေယူမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုများ အားကောင်းနေရန်လို။

Add new comment