ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများရရှိရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများရရှိရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ဇူလိုင်လ ၂၇ ရက်တွင် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၇,၀၁၃ ဦး အတွက်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု ၁၀ ခု အတည်ပြုပေးခဲ့ပြီး အလုပ်သမားဝန်ကြီး ဌာနမှ သုံးလတာကာလအတွင်း တောင်ကိုရီးယားနိုင်ငံသို့ Employment Permit System (EPS) စနစ်ဖြင့် မြန်မာလုပ်သား ၂,၂၁၅ ဦး စေလွှတ်ပြီးဖြစ်ပါသည်။

  • ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုပေးခဲ့သည့်လုပ်ငန်းများမှာ ဖွဲနုများကို တန်ဖိုးမြှင့် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်၊ အိတ်၊ ဖိနပ်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ အသင့်စားသောက်ကုန် ကြာဆံခြောက် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ Normal စနစ်ဖြင့် ပြည်တွင်းမှ ငါးနှင့် ပုစွန်မျိုးစုံကို တန်ဖိုးမြှင့်ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းတို့ဖြစ်။
  • ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ငွေကျပ် ၃,၃၀၉ဒသမ ၅ သန်းနှင့် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁၅ သန်းဖြစ်ပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂ ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခု စုစုပေါင်း ၁၀ ခုမှ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၇,၀၁၃ ဦး အတွက် ဖန်တီးပေးနိုင်မည်ဖြစ်။
  • EPS စနစ်ဖြင့် မြန်မာလုပ်သားစေလွှတ်ရာတွင် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်များအပြင် Re-entry လုပ်သားများလည်းပါဝင်ပြီး ဧပြီလ ၂၈ ရက်မှ ဇူလိုင်လ ၂၆ ရက်အထိ သုံးလတာကာလအတွင်း စုစုပေါင်း လုပ်သား  ၂,၂၁၅ ဦး စေလွှတ်ပြီးဖြစ်။

EPS စနစ်ဖြင့် မြန်မာလုပ်သားစေလွှတ်ခြင်းကို နှစ်နိုင်ငံအစိုးရချင်း သဘောတူလက်မှတ်ရေးထိုးပြီး ၂၀၀၉ ခုနှစ်မှစ၍ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွက်  တောင်ကိုရီးယားနိုင်ငံ၏ အနည်းဆုံးလုပ်ခလစာမျာ တစ်နာရီလျှင် ဝမ် ၉,၀၀၀ အထိ ရရှိလာသည့်အပြင် လုပ်သားများအတွက် ခိုင်မာသည့် ဥပဒေများလည်း ရှိသောကြောင့် အလုပ်လုပ်ကိုင်သူ များပြားလာကြောင်း သိရှိရပါသည်။

 သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၇-၂၀၂၂)

  • ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၇,၀၁၃ ဦး အတွက်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု ၁၀ ခု အတည်ပြုပေးခဲ့။
  • အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဖွဲနုများကို တန်ဖိုးမြှင့် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်၊ အိတ်၊ ဖိနပ်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ အသင့်စားသောက်ကုန် ကြာဆံခြောက် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ Normal စနစ်ဖြင့် ပြည်တွင်းမှ ငါးနှင့် ပုစွန်မျိုးစုံကို တန်ဖိုးမြှင့်ပြုပြင် ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းတို့ဖြစ်။
  • EPS စနစ်ဖြင့် မြန်မာလုပ်သားစေလွှတ်ရာတွင် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်များအပြင် Re-entry လုပ်သားများလည်းပါဝင်ပြီး ဧပြီလ ၂၈ ရက်မှ ဇူလိုင်လ ၂၆ ရက်အထိ သုံးလတာကာလအတွင်း စုစုပေါင်း လုပ်သား  ၂,၂၁၅ ဦး စေလွှတ်ပြီးဖြစ်။

Add new comment