တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြည်သူများအား ဦးတည်အုပ်စုများသတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးခြင်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါသည်-

  • ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်အပြည့်ကို (၅-၁၈) နှစ်ကျောင်းသား/ သူ ၄ ဒသမ ၃၇ သန်း၊ (၁၅-၁၈) နှစ်ပြည်သူ ဝ ဒသမ ၂၁ သန်းနှင့် ၁၈ နှစ်နှင့် အထက်ပြည်သူ ၂၇ ဒသမ ၃၁ သန်းတို့အား ထိုးနှံပြီးဖြစ်။
  • ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ကို (၅-၁၈) နှစ်ကျောင်းသား/သူ ၁ ဒသမ ၂၄ သန်း၊ (၁၅-၁၈) နှစ်ပြည်သူ ၀ ဒသမ ၁၃ သန်းနှင့် ၁၈ နှစ်နှင့် အထက်ပြည်သူ ၂ ဒသမ ၇၅ သန်းတို့အား ထိုးနှံပြီးဖြစ်။
  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင်လ ၂၇ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster စုစုပေါင်း ထိုးနှံပြီးစီးသူ ၄,၈၀၂,၃၀၉ ဦးရှိ။
  • ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဇူလိုင်လ ၂၇ ရက်အထိ လူဦးရေစုစုပေါင်း ၃၆ ဒသမ ၀၁ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၃၁ ဒသမ ၈၉ သန်း၊ ပထမအကြိမ် ထိုးနှံပြီးစီးသူ ၄ ဒသမ ၁၂ သန်းနှင့် Booster ထပ်ဆောင်းထိုးနှံပြီးစီးသူ ၄ ဒသမ ၈ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ရေစုစု ပေါင်း ၇၂ ဒသမ ၇ သန်းထိုးနှံပြီးဖြစ်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအားပုံမှန်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၇ ရက်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၇၆၂ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၁ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၀.၁၉ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၂၇-၇-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈,၅၁၁,၇၉၈ ခု အားစစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၆၁၃,၉၉၁ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၄၃၄ ဦးရှိကြောင်း သိရှိရပါသည်။

 သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၇-၂၀၂၂)

  • ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဇူလိုင်လ ၂၇ ရက်အထိ လူဦးရေစုစုပေါင်း ၃၆ ဒသမ ၀၁ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၃၁ ဒသမ ၈၉ သန်း၊ ပထမအကြိမ် ထိုးနှံပြီးစီးသူ ၄ ဒသမ ၁၂ သန်းနှင့် Booster ထပ်ဆောင်းထိုးနှံပြီးစီးသူ ၄ ဒသမ ၈ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၇၂ ဒသမ ၇ သန်းထိုးနှံပြီးဖြစ်။
  • ၂၇-၇-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈,၅၁၁,၇၉၈ ခုအားစစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၆၁,၉၉၁ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၄၃ ဦးဖြစ်ပြီး ၂၇-၇-၂၀၂၂ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၀.၁၉ ရာခိုင်နှုန်းရှိ။

Add new comment