မန္တလေးဆိပ်ကမ်းမှ ရန်ကုန် မုံရွာ ကသာ ထီးချိုင့် စသည့်မြို့တို့သို့ ကုန်စည်တင်ပို့မှု ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်

ဧရာဝတီမြစ်အတွင်း မြစ်ရေများချိန်ကာလတွင် မန္တလေးဆိပ်ကမ်းမှ ရန်ကုန်၊ မုံရွာ၊ ကသာ၊ ထီးချိုင့်  စသည့်မြို့များသို့ ကုန်စည်တင်ပို့မှု  ၂၀  ရာခိုင်နှုန်းခန့် မြင့်တက်လာရာ-

  • မန္တလေးဆိပ်ကမ်းမှ ဆန်၊ ကြက်သွန်၊ ဆီ၊ ဆား၊ ငရုတ်၊  ငါးပိ၊ ငါးခြောက် အပါအဝင်  အဝတ်အထည်၊ တခြားလူသုံးကုန်နှင့် အလှကုန်ပစ္စည်းများကို ရန်ကုန်၊ မုံရွာ၊ ရွှေဘို၊ သပိတ်ကျင်း၊ ရွှေကူ၊ ကသာ၊ ထီးချိုင့်၊ ဗန်းမော်၊ မြစ်ကြီးနား စသည့်မြို့ကြီးများသို့ တင်ပို့နေခြင်းဖြစ်ကြောင်း။
  • မန္တလေးဆိပ်ကမ်းမှ  ရန်ကုန်၊  မုံရွာ၊ ကသာ၊ ထီးချိုင့်နှင့်  ဗန်းမော်စသည့် မြို့များသို့  ဆန်၊  ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊  ငါးပိ၊  ငါးခြောက်၊  ဆီ၊  ဆား စသည့် ကုန်စည်များတင်ပို့မှုမှာ ဇူလိုင်လပထမပတ်က ၆၀ ရာခိုင်နှုန်းခန့်သာ ရှိခဲ့သော်လည်း လက်ရှိတွင် ၈၀ ရာခိုင်နှုန်းခန့်အထိ ရှိလာပြီး နှစ်ပတ်တာကာလအတွင်း ကုန်စည်တင်ပို့မှု ၂၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း။

မန္တလေးဆိပ်ကမ်းမှ တခြားမြို့များသို့ ကုန်ပစ္စည်းများတင်ပို့သည့် ကုန်တင်သင်္ဘောအစင်းရေ ၄၀၀ ကျော်ရှိပြီး ခရီးသည်နှင့် ကုန်စည်တင်ဆောင် ပြေးဆွဲနေသည့် ရှပ်ပြေးရေယာဉ် အစင်းရေ ၃၀၀ ကျော်ရှိကြောင်း၊ နိုင်ငံတစ်ဝှမ်းတည်ငြိမ်အေးချမ်းမှု ရှိလာသဖြင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများနှင့် ကုန်စည်စီးဆင်းမှု လမ်း ကြောင်းများ ပုံမှန်အတိုင်းသွားလာလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၇-၂၀၂၂)

  • မန္တလေးဆိပ်ကမ်းမှ ရန်ကုန်၊  မုံရွာ၊ ကသာ၊ ထီးချိုင့်နှင့်  ဗန်းမော် စသည့်မြို့များသို့  ကုန်စည်များတင်ပို့မှုမှာ ဇူလိုင်လပထမပတ်က ၆၀ ရာခိုင်နှုန်းခန့်သာ ရှိခဲ့သော်လည်း လက်ရှိတွင် ၈၀ ရာခိုင်နှုန်းခန့်အထိ ရှိလာပြီး နှစ်ပတ်တာကာလအတွင်း ကုန်စည်တင်ပို့မှု ၂၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာခြင်းဖြစ်။
  • မန္တလေးဆိပ်ကမ်းမှ တခြားမြို့များသို့ ကုန်ပစ္စည်းများတင်ပို့သည့် ကုန်တင်သင်္ဘော အစင်းရေ ၄၀၀ ကျော်ရှိပြီး ခရီးသည်နှင့် ကုန်စည်တင်ဆောင် ပြေးဆွဲနေသည့် ရှပ်ပြေးရေယာဉ် အစင်းရေ ၃၀၀ ကျော်ရှိ။
  • နိုင်ငံတစ်ဝှမ်းတည်ငြိမ်အေးချမ်းမှု ရှိလာသဖြင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများနှင့် ကုန်စည်စီးဆင်းမှုလမ်းကြောင်းများ ပုံမှန်အတိုင်းသွားလာလျက်ရှိ။

Add new comment