တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာနယ်မြေအလိုက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
- ဇူလိုင်လ ၂၅ ရက်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆန်၊ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့။
- ဇူလိုင်လ ၂၆ ရက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ကယားပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့။
- ဇူလိုင်လ ၂၇ ရက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် မြိုင်ကလေးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သက်ဆိုင်ရာနေရာ အသီးသီး၌ သွားရောက်တွေ့ဆုံ၍ အဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့။
- ဇူလိုင်လ ၂၇ ရက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များက မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာ၊ လုံခြုံရေးတပ်ဖွဲ့ခွဲရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့။
- ဇူလိုင်လ ၂၇ ရက်တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ အမယ်(၄) မျိုးနှင့် စားသောက်ဖွယ်ရာများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်း များအား ထောက်ပံ့ပေးအပ်ခဲ့။
သက်ဆိုင်ရာတိုင်းမှူးများက စစ်မှုထမ်ဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၇-၂၀၂၂)
- တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့။
Add new comment