နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောကြားခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားကောက်နုတ်ချက်မှာ-
· တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး ၂၀၂၂ ခုနှစ် နှစ်သစ်အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း၊ မိမိအနေဖြင့် ယနေ့လျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မလွဲမသွေခိုင်ခိုင်မြဲမြဲရှိစေရေးအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ရပ်တည်ချက်များအပေါ် တတ်နိုင်သလောက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း။
· တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် တာဝန်ဝတ္တရားများနှင့်အညီ နိုင်ငံတော်၏ အကျိုး၊ တိုင်းရင်းသားပြည်သူလူထု၏အကျိုးကိုသာ အစဉ်ရှေးရှုဆောင်ရွက်ပေးနေကြောင်း၊ နိုင်ငံတော်ကြီး ပိုမိုတည်ငြိမ်အေးချမ်းပြီး သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေးတို့အတွက် အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူ တို့နှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း တက်ညီလက်ညီ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
· ကိုဗစ်-၁၉ က စခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးသည် အိုမီခရွန်ဗီဇပြောင်းရောဂါပိုးအဖြစ် ပြောင်းလဲခဲ့ပြီး မြန်မာ နိုင်ငံတွင်လည်း စတင်တွေ့ရှိခဲ့သဖြင့် သတိပြုရမည့်ရောဂါ တစ်ခုဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်အတွင်း အကျုံးဝင်သူ ၅၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေးထိုးနှံပြီးစီးရန် ရည်မှန်းဆောင်ရွက်ခဲ့ပြီး ယခုအချိန်အထိ အသက် ၁၈ နှစ်နှင့် အထက် ၅၁ ရာခိုင်နှုန်း ကျော်နှင့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၈၇ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း။
· ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် စိန်ရတု ပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့သည် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် ယခု နှစ်သည် စိန်ရတု အကြိုကာလဖြစ်ကြောင်းနှင့် သက်ဆိုင်သူ အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့။
ထို့နောက် ၂၀၂၂ ခုနှစ်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်စည်ပင်သာယာဝပြောရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ကြီး ပေါ်ထွန်းလာစေရေးတို့ အတွက် အစိုးရအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်သကဲ့သို့ “ညီညာမှ ပြည်သာမည်” ဆိုသည့်စကားကို လက်ကိုင်ထားပြီး အားလုံး၏စုစည်းအားဖြင့် တိုင်းပြည်သာယာ ဝပြောရေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။
- မိမိအနေဖြင့် ယနေ့လျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မလွဲမသွေခိုင်ခိုင်မြဲမြဲရှိစေ ရေးအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ရပ်တည် ချက်များအပေါ် တတ်နိုင်သလောက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့။
- တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့်တာဝန်ဝတ္တရားများနှင့်အညီ နိုင်ငံတော်၏ အကျိုး၊ တိုင်းရင်းသားပြည်သူလူထု၏အကျိုးကိုသာ အစဉ်ရှေးရှုဆောင်ရွက်ပေးလျက်ရှိ။
- နိုင်ငံတော်ကြီး ပိုမိုတည်ငြိမ်အေးချမ်းပြီး သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေးတို့အတွက် အစိုးရ အနေဖြင့် တိုင်းရင်းသားပြည်သူတို့နှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း တက်ညီလက်ညီဆက်လက်ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်။
- ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်အတွင်း အကျုံးဝင်သူ ၅၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေး ထိုးနှံပြီးစီးရန် ရည်မှန်းဆောင်ရွက်ခဲ့ပြီး ယခုအချိန်အထိ အသက် ၁၈ နှစ်နှင့် အထက် ၅၁ ရာခိုင်နှုန်းကျော်နှင့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၈၇ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေးထိုးနှံပြီးဖြစ်။
- ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် စိန်ရတု ပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် ယခုနှစ်သည် စိန်ရတု အကြိုကာလဖြစ် ကြောင်းနှင့် သက်ဆိုင်သူအဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့။