၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၁ ရက်အထိ သုံးလတာကာလအတွင်း အမေရိကန်ဒေါ်လာ ၂,၆၉၉ ဒသမ ၃၈၅ သန်းတန်ဖိုးရှိ စက်မှုကုန်ကြမ်းပစ္စည်းများနှင့် အမေရိကန်ဒေါ်လာ ၁,၀၉၇ ဒသမ ၈၀၉ သန်းတန်ဖိုးရှိ လယ်ယာထွက်ကုန်ပစ္စည်းများကို တင်ပို့နိုင်ခဲ့။
  • ယခုနှစ် စက်မှုကုန်ကြမ်းပစ္စည်းတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် အမေရိကန် ဒေါ်လာ ၇၄၀ ဒသမ ၈၁ သန်းတင်ပို့နိုင်ခဲ့။
  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၈ ရက်အထိ ပြည်ပပို့ကုန် တင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၂,၉၆၆ ဒသမ ၈၅၇ သန်း ရရှိပြီး နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၁,၅၇၄ ဒသမ ၀၆၇ သန်း ရရှိ သည့်အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၄,၅၄၀ ဒသမ ၉၂၄ သန်းရရှိခဲ့။
  • ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကာလတူက ပြည်ပပို့ကုန်တင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၃,၈၈၄ ဒသမ ၃၇၃ သန်းရရှိသည့်အတွက် ယခုနှစ်ယဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၅၆ ဒသမ ၅၅၁ သန်း ပိုမိုရရှိခဲ့။

ပို့ကုန်၊ သွင်းကုန် အဆင်ပြေချောမွေ့စေရန်နှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြီးကြပ်မှုဖြင့် ကုန်သေတ္တာဆိပ်ကမ်း၊ သင်္ဘောလိုင်းများနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင်လတွင် ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း ဆိုက်ကပ်ပြေးဆွဲလျက်ရှိကြောင်း သိရှိရပါသည်။

 သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၇-၂၀၂၂)

  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၁ ရက်အထိ အမေရိကန်ဒေါ်လာ ၂,၆၉၉ ဒသမ ၃၈၅ သန်းတန်ဖိုးရှိ စက်မှုကုန်ကြမ်းပစ္စည်းများနှင့် အမေရိကန်ဒေါ်လာ ၁,၀၉၇ ဒသမ ၈၀၉ သန်းတန်ဖိုးရှိ လယ်ယာထွက်ကုန်ပစ္စည်းများကို တင်ပို့နိုင်ခဲ့ပြီး ယခုနှစ် စက်မှုကုန်ကြမ်းပစ္စည်းတင်ပို့မှုမှာ ယခင် ဘဏ္ဍာနှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၇၄၀ ဒသမ ၈၁ သန်းတင်ပို့နိုင်ခဲ့။
  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၈ ရက်အထိ ပြည်ပပို့ကုန်တင်ပို့ မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၄,၅၄၀ ဒသမ ၉၂၄ သန်းရရှိခဲ့ကာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၆၅၆ ဒသမ ၅၅၁ သန်း ပိုမိုရရှိခဲ့။
  • ပို့ကုန်၊ သွင်းကုန် အဆင်ပြေချောမွေ့စေရန်နှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရန် ဇူလိုင်လတွင် ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း ဆိုက်ကပ်ပြေးဆွဲလျက်ရှိ။

Add new comment